((( ဂျိုင်းထောက်ဂီတ ))) ====((( Crutch Music )))
((( ဂျိုင်းထောက်ဂီတ )))
ဘယ်သူ့မှာ ခြေထောက်တွေအပို ပါလာလို့လဲဗျာ
ဘယ်လူ့ခြေထောက်မှ လေထဲ လမ်း မလျှောက်ပါ
(ခြေထောက်တိုင်းဟာ)
မြေပြင်မှာပဲ ပြေးလွှားလှမ်းလျှောက်တဲ့ လူ့ဘဝရဲ့လမ်းပိုင်ရှင်
(ခြေထောက်တိုင်းဟာ)
မြေပြင်မှာပဲ မွေးဖွားလမ်းဖောက်တဲ့ သူ့ဓမ္မရဲ့ ပန်းတိုင်သခင်
အလုပ်ကြိုးစားတဲ့ ကျိန်စာသင့်ပြည်သူရဲ့ ရေသေနစ် မိသားစုဘဝဟာ
ပုတ်သိုးသွားတဲ့ အချိန်အခါနှင့်ညီတူတဲ့ ရေရှည်စစ်၏ အမှားစုရပ်မှာ
ရွာသားတွေ သွားနေကြ လမ်းထဲမှာ သူပုန်စစ်သားက မိုင်းထောင်တယ်
ရွာသားတွေ ကစားနေကြ ကွင်းထဲမှာ အစိုးရစစ်သားက မိုင်းထောင်တယ်
သေချာစွာ တချိန်မဟုတ် တချိန်ချိန်မှာ မိုင်းကို တက်နင်း ပေါက်ကွဲရာ
သေချာစွာ မိုင်းပေါက်ကွဲရာကို ကူညီရန် ဘယ်စစ်သားမှ ရောက်မလာ
အခု ငါ့ဒုက္ခကို ကြည့်စမ်းကွာ--- အခု ဘဝကို ကြည့်စမ်းပါ
ဂျိုင်းထောက်တစ်ဖက်က ဘယ်မှာ၊ ဖိနပ်တစ်ဖက်က ညာမှာ၊
ဒါဟာ လူ့ဘဝတွေဆီကို လူသားဆန်တဲ့ လက်ဆောင်လားကွာ
ဒီရေရှည်စစ်က လူ့ဘဝတွေဆီ ဘာအလင်းရောင်မှ သယ်မလာ
ဘုရားဟာ ဒီအသုဘလမ်းစဉ်နဲ့ပဋိပက္ခကို ကြိုက်ချင်ကြိုက်နေမှာ
လူ့တန်ဖိုးနဲ့လွပ်လပ်ခွင့်ကို သတ်နေတဲ့ မိစ္ဆာဆိုးကောင် ဒီစစ်ဟာ
အမူးလွန်သောက်လာတဲ့ စစ်အရက်ကို လူ့ညစာထဲ အန်ချလိုက်ရာ
နှလုံးသားမဲ့ အမုန်းပွားပက်စက်ရူးသွပ်နေတဲ့ စစ်ဘုရှင်လူများသာ
နင်းမိုင်းရဲ့မျက်လုံးက ရန်သူလား မိတ်ဆွေလား ကွားပြားရန် မခွဲခြား
နင်းမိုင်းရဲ့အရက်စက်ဆုံးက ရန်သူရော မိတ်ဆွေကိုပါ ဖျက်ဆီးသွား
လျှောက်သွားတဲ့ ဘယ်ခြေထောက်မဆို၊ လျှောက်လာတဲ့ ဘယ်ခြေထောက်မဆို၊
သူတို့ရဲ့ ဘယ်လက်မဆို၊ ငါတို့ရဲ့ ဘယ်မျက်လုံးမဆို၊ သင်တို့ရဲ့ ဘယ်အပြုံးမဆို၊
ညီအစ်ကိုတို့ရဲ့ ဘယ်စိတ်ဓါတ်မဆို၊ ညီအစ်မတို့ရဲ့ ဘယ်အစိတ်အပိုင်းမဆို၊
ဘယ်အမေမဆို၊ ဘယ်အဖေမဆို၊ ဘယ်အိမ်နီးနားချင်းမဆို၊ ဘယ်ခရီးသည်မဆို၊
ဘယ်ဧည့်သည်မဆို၊ ဘယ်စစ်သားမဆို၊ ဘယ်ရွာသားမဆို၊ အားလုံးကို ဖျက်ဆီးခဲ့
စစ်သုံးစစ်မိန့်တိုင်းကို စစ်သုံးစစ်နင်းမိုင်းက စည်းနဲ့ကမ်းနဲ့ အမြဲတမ်း မလိုက်နာခဲ့
ယုတ်ပတ်ဆိုးဝါးလာမှုတွေနဲ့စစ်ထဲ မှာ--- စုတ်ပြတ်ပိုးစားကာဥပဒေနဲ့ကမ္ဘာထဲ မှာ
နင်းမိုင်းတစ်လုံးဟာ သားကောင်တစ်ကောင်ကို သတ်နေတယ်၊ ၂ နာရီတိုင်းမှာ
မိုင်းထိပျက်စီးတဲ့ ၃ဦးက စစ်သား၊ ၇ဦးက အရပ်သား၊ သားကောင် ၁၀ဦးတိုင်းမှာ
မိုင်းထိသွားတဲ့ အရပ်သား ၇ဦးမှာ ၃ဦးဟာ အပြစ်မဲ့တဲ့ ခလေးနဲ့ ကျောင်းသားတွေပါ
မင်းမွေးတဲ့မျောက် မင်းကို ပြန်ခြောက်တာ၊ မင်းထောင်တဲ့မိုင်း မင်း ပြန်မရှင်းတတ်တာ
ဒီကမ္ဘာကြီးမှာ ဒီလူသားတွေနဲ့ ဒီမိုင်းတွေရဲ့ပြသနာ ဒီနေ့အထိ လုံးဝ မပြီးဆုံးသေးပါ
နားထောင်-- နားထောင်စမ်းပါ--- အဲဒါဟာ မိုင်းတစ်လုံးနဲ့ လုပ်ထားတဲ့ သီချင်းပါ
ဖိနပ်တစ်ဖက် ဂျိုင်းထောက်တစ်ဖက်နဲ့ လမ်းလျှောက်လာတဲ့ သားကောင်ရဲ့ အသံမှာ
စစ်သားကောင်တွေရဲ့တေးတစ်ပုဒ်လုံးမှာ ခြေသံတွေဟာ သံစဉ်လွဲ ကီးချော်နေခဲ့တာ
အဲဒါဟာ-- စစ်ကို ဘုရားလို ကိုးကွယ်ခဲ့ပြီးတော့ မင်းရေးတဲ့ ဒဏ်ရာရ သီချင်းပေါ့ကွာ
Notes တိုင်း Notes တိုင်းမှာ စစ်အနိဌာရုံ အလုံးစုံပျက်သုန်းမှု အမွေအနှစ်တွေနဲ့ကွာ
ဓါးပြလက်နက်နဲ့ ကျူးကျော်ရေးခဲယမ်းတွေ ထုတ်လုပ်နေတာကို ရပ်ပစ်ပေးလိုက်စမ်းပါ
လူလားအားလုံး သဘောတူ လိုက်ဆိုနိုင်မဲ့ ငြိမ်းချမ်းရေး တေးသီးချင်းတစ်ပုဒ်ကို ရေးကွာ
သောက်ရေလို သန့်စင်တဲ့ ထာဝစဉ်ရဲ့ နိဗာန်စိတ်စည်းစိမ်နဲ့ နှလုံးသွေးရှင် သင်တို့အားလုံး
ဂျိုင်းထောက်ကို ဆက်မသုံးကြနဲ့တော့။ ။
သားဇိုးတေလေ
၂၂-၀၈-၂၀၁၄
(အောက်ပါကဗျာမှ ပစ္စလက္ခ ဘာသာ ပြန်ယူခဲ့ပါသည်..။)
------------------------
((( Crutch Music )))
-----------------------
No one's got the leg that is spare
No human legs can walk in the air
Every leg must walk up on the ground
Every ground is where all leg belongs
In this long run war-zone,
There is a family farm we work hard all the time
Rebel-soldiers have planted landmines in it
In this wrong turn war-zone,
There is a community road we walk along anytime
Army-soldiers have planted landmines in it
We who live and work here will step over it
It's going to happen this time or by another footsteps
And soldiers never come to help causalities or death
Look at me now; Look at my life!
One crutch on the left; one shoe on the right
Is this your humanitarian gifts to people's lives?
Your long-war-fights never bring a light to our lives
God might enjoy this destructive stubborn conflicts
You kill your own human values and independence
Onto the other one like you who do speak and think
Vomiting your over-drunk-war-whiskey into our dinners
How heartless and horrific you madly are, Mr. War-Creators
Your landmines don't have eyes to clarify the enemies
Your landmines is to destroy anything and anybodies
And any leg that comes by, any leg that goes by,
Any hand of theirs, any eye of ours, any smile of yours,
Any mind of your brothers, any part of your sisters, mothers,
Fathers, neighbors, travelers, visitors, soldiers or villagers
Your landmines do not always obey your militaristic-order
In this unlawful world; In this awful war;
A landmine explodes and claims a victim in every 2 hours
3 are soldiers and 7 are civilians out of every ten victims
3 out of every 7 civilians are innocent school children
You have planted landmines and no idea how to clean
On this earth, do we have anymore legs to waste away?
On this earth, these landmines are not over yet till today!
Listen;
Listen to that sounds; Listen to that mines-made-song
The sounds of victim who walk with 1 crutch and 1 shoe
This entire war-victim-song of the footsteps are out of tunes
This is a wounded song you have war-economically written
Into every single note that is full of carnage and destruction
Stop making those pirate-weapons and invader-ammunition
And compose an agreeable peace-song all can sing along
As clean as the drinking water you all are forevermore fond
TharZoe TayLay
22-08-2014
Comments
Post a Comment