((((၄ချောင်းနဲ့) (၆ကြိုးကိုတီး) (E G A A G e ဆိုတဲ့ key နဲ့)/ (ဂီတဆိုတာ သီးခြား/သံတူစုံထွက်နေတဲ့ တိတ်ဆိတ်မှုပဲ))))

((((၄ချောင်းနဲ့) (၆ကြိုးကိုတီး) (E G A A G e ဆိုတဲ့ key နဲ့)/
(ဂီတဆိုတာ သီးခြား/သံတူစုံထွက်နေတဲ့ တိတ်ဆိတ်မှုပဲ))))

(လက်ကွက်)
တွေ့တယ်မဟုတ်လား
လက်ခလယ် မရှိဘူး
ခင်ဗျားကို မFUCKယူ နိုင်ဘူးပေါ့
ကျနော် ယဉ်ကျေးသလား
ကျနော်က Trash Metal ဂစ်တာသမားပါ

ခင်ဗျား ဂစ်တာက ကြိုး အားလုံး မညီတော့
ဘယ်သူတွေကမှ ဆွဲ တီးလို့ မရဘူးပေါ့
ဘယ်သူတွေနဲ့မှ တွဲ တီးလို့ မရဘူးပေါ့
ဒီမှာ...
လူဆိုတာ E A D G B e ဗျ
ခင်ဗျားက ဂီတမှ တကယ် ဟုတ်ရဲ့လား
(ဂစ်တာသံ)
ဟား ဟား ဟား ဟား
ခင်ဗျား ဘယ်လက်ပြတ်ကြီးက
ဂစ်တာမတီးဘူးလို့ ပြောနေတယ်လေ
ဒီလိုပဲ နားလည်ရ၊ ဒီလိုပဲ နားလည်ကြတာပေါ့
သမားရိုးကျရဲ့ အဘိဓမ္မာနဲ့ အမှန်တရားပြုခဲ့
တကယ်အစိုးရတဲ့ အသိသညာနဲ့ ဥာဏ်အားစုခဲ့
ကျန်တဲ့ တခြားတစ်ခုရဲ့ အတွေးတရားကိုလည်း
မလေးစား မလေ့လာတတ်
မမှန်တဲ့ မမှားမှုရဲ့ အရေးများကိုလည်း
ဘေးထား မေ့လာကြမယ်
အဲဒီတော့--
ခင်ဗျားက ဘဝကို ဂစ်တာတီးပြလိုက်တာပဲ မဟုတ်လား
ဒီလိုပါပဲဗျာ
ကျနော့်ဂစ်တာဟာ
ကျနော့်ရင်ခုန်သံနဲ့ key ညှိထားတာ
အများမှန်လူ့သီအိုရီဟာ
ခင်ဗျားပြောသလို E A D G B e မဟုတ်လား
ကျနော့်ရင်ခုန်သံက E G A A G e ဗျာ
ဓမ္မကိုလည်း A G E သံနဲ့ ညီမျှထွက်တယ်
အဓမ္မကိုလည်း A G e သံနဲ့ ညီမျှထွက်တယ်
၆ ကြိုးထဲမှာ ဓမ္မရော အဓမ္မရော ရှိနေတာဟာ ဂစ်တာပဲပေါ့
အဲဒါနဲ့ ဘဝကို ကျနော် ဂစ်တာတီးနေခဲ့တာလေ
ကဲ ခင်ဗျား ဘာသီချင်းတွေ နားထောင်ချင်လဲ..ပြော
(လက်ကွက်)
KANSAS ရဲ့ DUST IN THE WIND တီးဗျာ
ဒသနကောင်းကင်မှာ
ဒီသီချင်းထက် ပျောက်ဆုံးတာ ဘယ်တရားမှ မရှိဘူး
ကျနော့်ဂီတတစ်ခုလုံး
အဲဒီ SOLO ထဲ ကူးခပ်ရင်း ရူးအ ခဲ့
ကျနော့်ဒသနတစ်ခုလုံး
အဲဒီ LYRIC ထဲ တွေးခေါ်ရင်း ဘေးချော် ခဲ့
အချိန်ကာလတရားရဲ့ အနတ္တအရာကို
ကျိန်စာခတ်ထားတဲ့ ဒသနဗလာပဲ
အတ္တလွှာထဲစွဲနေ၏ ဘယ်မှာမှန်းမသိစွာ
(ဂစ်တာသံ)
သိပ်ရတာပေါ့ဗျာ..ဒီသီချင်းဟာ
ဘာ keyနဲ့ တီးတီး၊ ဘာစကားနဲ့ ရေးရေး၊
ဘယ်သူပဲ ဆိုဆို၊ ဘယ်အဖွဲ့နဲ့ပဲ တီးခတ်တီးခတ်၊
ကျောရိုးဒသနက တစ်သံတည်းရတယ်
(ဖျတ်ကနဲ) တဲ့
(ဖျတ်ကနဲ)
(ဖျတ်ကနဲ)
(ဖျတ်ကနဲ) ဆိုတဲ့ အတိုဆုံး သြဂါသလောကဓမ္မသံစဉ်ပေါ့
ထားလိုက်ပါတော့
အခု ခင်ဗျားတီးဗျာ
HOTEL CALIFORNIA တီးပါ
(လက်ကွက်)
ဟာဗျာ...ခင်ဗျားဟာကလည်း
ကျနော်က NEVERMORE လို Power Metal Guitar သမားဗျ
ခင်ဗျားရဲ့ စောက်ရေးမပါတဲ့ နု/ ချွဲ / နွဲ့/ချို တွေ မတီးတတ်ဘူး
ဘဝမှာ တီးတတ်လည်း မတီးဘူးဗျာ၊
ဘဝမှာ အမြဲတီးလာတာလည်း ဟဲဗီးပဲ၊
ပွဲပြီးကဗျာဟာလည်း ဟဲဗီးပဲ
ဒီအတွက် ဘယ်သူနဲ့မှ မတွဲတီးရရင်လည်းနေ ရတာပေါ့
ဒီတစ်သက် ကယ်သူမဲ့ကြ ငရဲမီးကျရင်လည်း သေကြတာပေါ့
ဘဝဆိုတာ လေထက်ပေါ့နေတဲ့ ဗလာပါ
(ဂစ်တာသံ)
အင်း....ခက်တာပဲဗျာ
သံသရာသီချင်းတေးသွားစစ်ရဲ့ဂီတထဲမှာ
ပြန်လာသေရင်းမွေးဖွားဖြစ်ပျက်တည်ကြမြဲ သီချင်းဆိုလို့
HOTEL CALIFORNIA ဟာ တီးခတ်လို့ အကောင်းဆုံး
HOTEL CALIFORNIA ဟာ သီဆိုလို့ အကောင်းဆုံး
HOTEL CALIFORNIA ဟာ ခံစားလို့ အကောင်းဆုံး
အဲ...စောက်သုံးမကျ နားလည်ရခက်တဲ့ စာသားတွေကလွဲရင်ပေါ့
ဘဝအဘိဓမ္မာအဓိပ္ပါယ်တရားကတော့
အဲဒီ စာသားလို နားလည်ရခက် အသုံးမကျနေနိုင်ပေမဲ့
လူဟာ အဲဒီ ဂီတကို တီးတတ်နေရမှာပဲ
ဒီဓမ္မလို အပြီးသတ်သေကြတာလည်း အဲဒီလိုပဲပေါ့
(ဘာနားမလည် ညာနားမလည်နဲ့) တတ်သလို တီးခဲ့မှာပဲ
ခင်ဗျားနဲ့ကျနော် မတွဲတီးမိကြရင်လည်း
ဖြစ်တည်မှုဂီတဘဝက တိတ်ဆိတ်နေမှာပဲပေါ့
အဲဒါကိုတော့ ဂီတလို့ သတ်မှတ်အတည်ပြုလို့ ရပါ့မလား
သံသရာမဆုံး ဆက်ငြင်းသွားအုံးစို့။ ။

သုအိုင်စံ
၂၇-၀၂-၂၀၁၄

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))