((( နှစ်ယောက်ပစ်စက်လတ်-M60 )))

((( နှစ်ယောက်ပစ်စက်လတ်-M60 )))

ဒီရဲဘော်ရဲ့ အနားယူအိပ်စက်ခြင်းဟာ
ဟိုရဲဘော်ရဲ့ ကင်းစောင့်တာဝန်ယူချိန်ပါ
သစ္စာစိမ်ထားတဲ့ ယုံကြည်ရမှုသေနတ်က
ကိုယ်စီ လူ့ဝတ္တရားရဲ့အမိန့်ကိုနာခံကျင့်ကြံ
တစ်ဦးတောင်ပံက မြင့်မြင့်မြန်မြန် ပျံနေရင်
တစ်ဦးခြေဟာ စစ်စစ်မှန်မှန် လျှောက်နေရဲ့
ဘယ်ခြေနဲ့ ညာလက်နဲ့ ရှေ့ဆက်စစ်ချီတက်

မလိုအပ်ပဲ သေနတ် ပို မပစ်ဖောက်မိဖို့သည်
ကင်းစောင့်ရဲဘော်တို့၏ ပြန်လှန်နားလည်မှု
မလိုအပ်ပဲ အိပ်စက်မှုကို ပို မအိပ်စက်မိဖို့သည်
အိပ်စက်ရဲဘော်တို့၏ ပြန်လှန်နားလည်မှု
ကင်းစောင့်ရင်း အိပ်ပျော်သွားတဲ့ ရဲဘော်ဟာ
ဒီစစ်ကြာင်းရဲ့ ဥပဒေအရ အပြစ် ရှိတယ်ဆိုရင်
အိပ်စက်ရင်း အိပ်မပျော်ခဲ့တဲ့ ရဲဘော်ကရော
ဒီစစ်ကြာင်းရဲ့ ဥပဒေအရ အပြစ် မရှိဘူးလား
ဟား ဟား ဟား ဟား ဟား ဟား ဟား ဟား

အခြေအနေအရ စစ်သားဟာ စစ်ပူနေလို့
အခြေအနေအရ အပြစ်အား အပြစ်ယူနေရန်
မဖြစ်နိုင်ပြန် ရဲဘော်တို့ဟာ သူ့နည်းသူ့ဟန်နဲ့
မနာခံအပ်သော အမိန့်အား ချိုးဖောက်ဆန့်ကျင်
အာခံကြသော စိတ်ထား ရိုးဖြောင့်သန့်စင်စွာ
တိုက်ပွဲဝင်ဆဲ ထိုခရီးအား လေဆန်တက်ရာသို့
မလိုက်ရဲရင်လည်း ဗိုလ်ကြီးများ နေကျန်ခဲ့ပါလို့
ရှေ့တန်းမှာ ထိပ်ဆုံးက ချီတက်သွားသူတို့အား
နောက်တန်းမှာ ထိပ်တုံးက အပြစ်နဲ့ စောင့်စားနေတယ်
ရဲဘော်ရေ.. ယောက်ဖရေ.. မအေဘေးရေ.. မင်းနဲ့ငါဟာ
နှစ်ယောက် ပြိုင်တူပစ်မှ ထွက်ရတဲ့ စက်သေနတ် မဟုတ်လား
ရှေ့တန်းသွားပြီး တစ်ယောက်တစ်ခွက် အရက်သောက်ပြီးရင်
နောက်တန်းပြန်စဉ် တစ်ယောက်တစ်လှည့် မြက်ပေါက်ရမှာပဲ
ခြောက်ပေါက်ထဲကို ဘယ်ခြေထောက်နဲ့ အရင်ဝင်ကြမလဲ
ဘယ်ခြေနဲ့လား ညာခြေနဲ့လား နှစ်ချောင်းပြိုင်တူလား
လက်တွေ့တိုက်ပွဲများပြီး လက်တွေ့ ရာထူးမတက်တဲ့
ငါတို့ရဲ့ဘဝဒီလူစက်လတ် အအိုအစုတ်ကြီးကိုလည်း
ဗဟိုစစ်ရုံးချုပ်ကိုပဲ အပြီး ပြန်အပ်လိုက်တော့ကွာ....။ ။

သုအိုင်စံ
၁၆-၁၂-၂၀၁၄

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ