((( New Normal )))
((( New Normal )))
အရှုံးပေါ် သေရတဲ့ ရှေ့လူယုတ်တွေ ထွက်ခွာရပြီ
ပြုံးပျော်နေကြတဲ့ အမေ့လူအုပ်တွေ ဆက်လာကြသည်
မြန်မာပြည်-ဒီမိုကရေစီ-အရင်လို လား-ဟေ့
မကြာမီ-ဆီယိုလေပြီ-အင်ဂျင်အိုကား-မရွေ့
နေ့သစ်များရောက်ရှိပြန်လာတဲ့အလု ပ်ဟောင်းမှာ အပြေးအလွှား
မေ့ပစ်သွားလောက်သည့်ဒဏ်ရာရဲ့ချု ပ်ကြောင်းရာ ဆွေးသွား
မျိုးဆက်ပွားဘဝ သား မြေးနဲ့ မြစ်များသည်
အဖိုးနဲ့အဖွားများ ခဏလေးနဲ့ ဖြစ်သွားပြီ
ဒီအတိုင်းညီ-ညီတူကြိုးစားမဲ့ အနာဂတ်သစ်အချိန်ဟာ ကြိုသွားနှင့်ခဲ့ပါပြီ
ဒီတိုင်းပြည်-ဒီလူမျိုးများအတွ က် ထာဝရသင့်ကျိန်စာကို ထားရစ်ခဲ့ပါသည်
အရင်လိုပါပဲ-အသစ်ဖြစ်လာပြီ- New Normal မြန်မာပြည်
ဒီလက်သန်းရဲ့လက်ဗွေရာမှာမှ
ဒီတက်လမ်း ဖျက်တဲ့ ဗွေပါလာရ
ဘဝချလောင်းထားတဲ့ မျှော်လင့်ချက်သစ်များ ဟောင်းကြွေကာ
ရလာဒ်ကောင်းများနဲ့ အတော်အသင့်ဖြစ်သွားကြောင်း မသေချာ
သေတာတောင် ပိုကောင်းမလားပဲ- ဝါရင့်ရင့် ဆေးမြီးတိုသမားတွေကြောင့်လေ
နေဟာအရောင် ပိုဟောင်းသွားမြဲ-ဘာဖြစ်ဖြစ် ဆေးမြီးတိုစားလေ-မပျောက်လေ
ဘယ်လောက် ဝေဆာ ဝေဆာ အမှန်တရား
ကွယ်ပျောက်ကြွေကာ သေတာ မြန်သလား-မမေးနဲ့...။ ။
New Normal = ( အသစ်သော ပုံမှန်အခြေအနေ )
သုအိုင်စံ
၂၁-၁၁-၂၀၁၅
Comments
Post a Comment