((( လမ်းဘေး Rap တေးသွားများ)))
((( လမ်းဘေး Rap တေးသွားများ)))
အလုပ်မရှိအကိုင်မရှိတဲ့
သံချောင်းတွေဟာ
ပက်လက်လှန်ထားပြီး အသွားထောင်နေတယ်
(ဟောင်ဖွာဟောင်ဖွာနဲ့)
အလုပ်မရှိအကိုင်မရှိတဲ့
ခြေထောက်တွေဟာ
ဆူးညှောင့်မမြင်အား လျှောက်သွားနေတယ်
(လိုက်ယားလိုက်ယားနဲ့)
၁၀၉/၁၁၀ နဲ့
၁၀၉/၁၁၀ နဲ့ တွေ့တဲ့အခါ
ရိုက်ပွဲတွေ ဖြစ်ပါတယ်
တခါတခါမှာ
ခြေဖဝါးတွေ ပေါက်သွားတယ်
တခါတခါမှာ
သံချောင်းတွေ ကောက်သွားတယ်
ကိုယ်စီ အလုပ် လုပ်ကြည့်
ပြသနာတွေ မရှိနိုင်တော့ဘူး
ဘဝဟာ လူ့ထိုင်ခုံလို လူ အထိုင်ခံလိုက်
ဘဝဟာ လူ့ဖိနပ်လို လူ အနင်းခံလိုက်
အဲဒီ လူပိုက်ဆံ၏ အမင်္ဂလာစဉ်တရားမှာ
ဘဝအမြင်မှားကာ ကျွန်ပါးယဉ်ရင်း
အရင်းရှင်ရဲ့ လည်ပင်းဂုတ်ကြီး ဝဖီး ဗိုက်ရွှဲလာတော့
အရင်းရှင်ကို နားရင်အုပ်ပြီး ရိုက်ခွဲမဲ့ လူမိုက်တွေ လိုအပ်လာ
၁၀၉/၁၁၀ တွေကိုသာ ငှား ရိုက်ခိုင်းလိုက်တဲ့အခါ
လမ်းသရဲတစ်သိုက်ရဲ့ ညစာမှာ
အဓမ္မတစ်ဝက်၊ ဓမ္မတစ်ဝက်နဲ့
လူနေရပ်ကွက်ကြီး ညနက်သွားခဲ့တယ်
လူနေမြို့တော်ကြီး မိုးသောက်သွားခဲ့တယ်
ဂိုဏ်းစတားတွေက တေးသွက် ရှုပ်ရှက်ခတ်လို့။ ။
သုအိုင်စံ
၁၈/၁၁/၂၀၁၄
Comments
Post a Comment