((( ဂူအောင်းသတ္တဝါများနှင့် ဘာသာရေး ))
((( ဂူအောင်းသတ္တဝါများနှင့် ဘာသာရေး )))
စာအုပ်ရဲ့ အရိပ်ကို
ငါနှုတ်ဆိတ် ကိုးကွယ်လာခဲ့တာပဲ။
အရိပ်ရဲ့ အစစ်ဟာ ဘာအရောင်လဲ
အမှောင်သက်သက်လည်း ဖြစ်နေနိုင်တာပဲ
အရိပ်ရဲ့ အစစ်ဟာ ဘာသွေးနဲ့လဲ
သွေးမဲ့သက်သက်လည်း ဖြစ်နေနိုင်တာပဲ
မြင်သိဥာဏ်စွမ်းအရ စာအုပ်လို့ သိလိုက်တာပဲ
ဘာသာရေးရာစာအုပ်လား ကဗျာရေးရာစာအုပ်လား
ပညာရေးစာအုပ်လား ထင်ရာရေးစာအုပ်လား
ဘာသာစကားနဲ့ရေးလား အထာအသွားနဲ့ရေးလား
ဗလာသက်သက်
ဘာမှ မရေးထည့်ထားတာလည်း ဖြစ်နိုင်တာပဲ။
ငါတို့ဟာ စကြာဝဠာဂူထဲမှာ နေတဲ့ လူသားတွေပဲ
အလင်းရောင်နဲ့အတူကျလာတဲ့ အရိပ်သဏ္ဍာန်ဝါးဝါးကို
စိတ်အခံအားနဲ့ လိုက်ဖတ်ကြ အဓိပ္ပါယ်ဖော်ကြ
ထင်ရာ ထင်ရာတွေနဲ့ သတ်မှတ်ယူဆပစ်လိုက်ကြရဲ့
အရိပ်ရဲ့ အစစ်ကိုက ခံစားခွင့်မရ (ထာဝရပဲ)။
အို...ဘုရားသခင်...
အသင်...တကယ်ရှိခဲ့မယ်လို့ ငါ့ကို ထင် ခွင့်ပြုပါ
သင်ဟာ...မိန်းမလား...မိန်းမလျာ လား
ယောက်ျားလား... ယောက်ျားလျာလား
တရိစ္ဆာန်ရဲ့ ဂျိုလ်၏အရာလို ကောင့်ခုံးနေတာလား
နိဗာန်ရဲ့ ဗဟိုရှိဗလာလို ပျောက်ဆုံးနေတာလား
ဒါမှ မဟုတ် ဘာမှ မဟုတ်တဲ့
သက်မဲ့မေထုန်သဏ္ဍာန်ပုံရုပ်ထုကြီး သက်သက်လား
ငါတို့ ထင်ချင်သလိုသာ ထင်/တွက် သွားလိုက်တော့မှာ
စာအုပ်ရဲ့ အရိပ်သဏ္ဍာန်ဟာ
ငါတို့ရဲ့ ဂူနံရံမှာ ဝေဝေဝါးဝါး မဟုတ်လား....
လောက၏ တိကျသော အရာရာရဲ့ အဓိပ္ပါယ်များဟာ
ပြောမရသည့် မသိရသော ဗလာနဲ့ ချိတ်တွယ်ထားတဲ့
အပတ်အရေလား---လို့ ပြောလို့ မရသလို
အလျှားအရှည်လား---လို့လည်း ပြောလို့ မရပြန်ဘူး...
ဂူပြင်က ဝမ်းတွင်းရူး လည်/ပိတ်နေတဲ့ သံသရာထဲမှာ
ဂူထဲမှာလည်း ရမ်းရင်းလူး/လိမ့်နေတဲ့ သံသရာပဲကွာ ။ ။
သုအိုင်စံ
၂၄-၀၁-၂၀၁၃
Comments
Post a Comment