((( အာဖဂ္ဂနစ္စတန် )))
((( အာဖဂ္ဂနစ္စတန် )))
အရူးများသာ သဘောပေါက်နိုင်တဲ့
မထူးခြားစွာ တောမှောက်နိုင်တဲ့
အသွင်လေးနက် နက်ရှိုင်း အရမ်းညှင်သာတဲ့
အမြင်အတွေး ထက်တဲ့ သိုင်းကျမ်းပညာကို
လာသင်ကြားကြသူများဟာ မာယာများသုံးတဲ့ မူအကျင့်ရှိတာပဲ
ရွာအပြင်နားမှလူသားဟာ ပါဝါအများဆုံးနဲ့ လူစစ်ကရိယာပဲ
ကျူးကျော်တဲ့ ပြည်ပစစ်သည်၏ လျှင်မြန်ခြင်းနဲ့ 
အထူးတော်တဲ့ ဒီဘဝဖြစ်တည်သည့် ရှင်သန်ခြင်းကို
ရှာဖွေလေ့လာခဲ့သမျှလည်း သူစိမ်းသီချင်းနဲ့  အမှောင်လမ်းမြေ
ဘာတွေတွေ့ လာခဲ့ကြသလဲ ဘိန်းတခင်းနဲ့  တောင်တန်းတွေ
ဖြစ်နေစဉ်မှာ တဘဝလုံး ထိုင်အသုံးပြုခဲ့တဲ့ မိုက်မဲခြင်းများ
စစ်မြေပြင်မှာ အစအဆုံး နိုင်ရှုံးမှုမဲ့တဲ့ တိုက်ပွဲပြင်းကြား
ကြိုးစားကာသင်အံခဲ့တဲ့ ( ရဲသော်မသေတတ်-မှော်စစ်ပညာရပ်) အား
ဆိုးဝါးစွာရှင်ကျန်ခဲ့တဲ့ ရဲဘော်တွေမှ အတော်အသင့်သင်ကာတတ်သွား
ဒီမြေကို တိုက်စိုးသွားဖို့ ဆက်လာမယ်ဆိုလည်း
ရန်သူအလောင်းတိုင်းကို အာမခံနိုင်တာပေါ့
ဒီမြေက စရိုက်ဆိုးဝါးလို့ ထွက်ခွာမယ်ဆိုလည်း
ပြန်သူအကောင်းအတိုင်းကို ဘာမှမကျန်နိုင်ပါ
ပိုင်နိုင်စွာတကယ်တတ်ကျွမ်းသူများရဲ့ ဆုတ်လမ်းမှာ
ပိုင်ဆိုင်တာ သယ် မ ထမ်းယူသွားနိုင်မှာ မဟုတ်မှန်း
ချိုင့်ဝှမ်းမြေပြင်စမ်းချောင်းတောင်စဉ်တို့ က
ကွက်တိသိရှိထားပြန်ရာ လက်ရှိအရှိတရားမှန်မှာ
ဘိုးစဉ်မျိုးဆက် စစ်ပဲ ဆက်တိုက်လာခဲ့တဲ့ ဒီမြေသား၌
အဆိုးရှင် အကျိုးမဲ့ စစ်စွဲ ဆက်မိုက်လာခဲ့တဲ့ ဒီလူသားမိုက်တွေ
ဘယ်လောက်တိုက်တိုက် ဘယ်သူတွေများ စစ်နိုင်ဖူးလိုက်လေလဲ
ဘုရားကိုးကွယ်ပုံဆန်းပြားပါတဲ့ အမှားဆိုးစွယ်စုံရမ်းကားစွာနဲ့ 
ရူးမိုက်နေဆဲတာလဘန်တို့ လည်းအတူတူပေါ့
လူမှန်ရင် ရှုံးပြန်ခဲ့ရတဲ့ မဟူရာမြေသားထက်ရှိ
လူတကာနေသွားခဲ့သည့် ရှင်သန်ခြင်းသုသာန်
ကောင်းဆိုးအလုပ်မှန်များကို ခေါင်းချိုးမြှုပ်နှံထားသို
လူသတ်မိုင်းတွေအလားပဲ လျှင်မြန်ခြင်းနဲ့  ပေါက်ကွဲသေပေါ့
မူလအတိုင်း သေသွားဆဲ ရှင်သန်ခြင်းနဲ့ လျှောက်မြဲလေပေါ့
အာဖဂ္ဂန်မြေကိုတော့ လူဟာ စစ်သားလို ပြန်မလာလိုပါ
လူတကာ ရှုံးပြေးလှည့်ပြန်ထွက်ခဲ့တဲ့ ကမ္ဘာချီကျိန်စာမို့ 
မဟူရာနှလုံးသွေးပွက်အန်ထွက်ခဲ့တဲ့ ယာယီအိမ်ယာသို့ 
ကိုယ် မှားသတ်လို့ သေတဲ့ ထိုလူသားဘဝတို့ အတွက်
ဆက်လို့ စီးကာနေတဲ့
မြေလျိုးကာ ပျောက်သွားလေမဲ့ မြစ်များအကြောင်းတွေနဲ့ 
ပျက်ဖို့  နီးလာနေတဲ့
အသေဆိုးရာ အရောက်သွားနေတဲ့ စစ်သားအလောင်းတွေနဲ့ 
ခေတ်သစ်ကိုလိုနီစစ်သားဟောင်းတွေ ဂေါက်နေခဲ့တယ်။  ။
သုအိုင်စံ
၁၉-၀၇-၂၀၁၇
Comments
Popular posts from this blog
ိ္ကျိအမ၆ကန၅၆မကျမအ့နမ
((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT
((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))