((( မဲသဝေါ ၂၀၁၆ )))

((( မဲသဝေါ ၂၀၁၆ )))

ခေတ်ပျက်ကြောင့်
မတိုးတက်တဲ့ရေမြေဟာလည်း
ဆက်လက်-မတိုးတက်မြဲ

စစ်မက်ကြောင့်
ကျိုးပျက်တဲ့ခြေတွေဟာလည်း
ဆက်လက်-ကျိုးပျက်မြဲ

အဖြစ်အပျက်ကြောင့်
အဲဒီမြေပေါ်မှာပဲ
အဲဒီခြေ ချော်ကာလဲ

ဒုက္ခိတဟာ
ပြန်ကုန်းထလာတယ်
အလုပ်ရှိသမျှသာ
ပြန်ရုန်းရရှာတယ်

မြန်မာပြည်
ရွေ့စောင်းရွေ့သွားတယ်
ကမ္ဘာသည်
မေ့ကောင်းမေ့ထားတယ်

ကိုယ်ဖြစ်ကိုယ်ခံလေဦးဟယ်
ဒုက္ခသည် အိမ်မပြန်နိုင်သေးပဲ
သေမင်းဟာ သွေးစားပွဲမှာ
မဲသဝေါ တပွဲပေးပါတဲ့
ဝင်ထိုင်ကာ အော်မှာလိုက်တယ်
ငါးကြင်းဆီနဲ့ ငါးကြင်းကြော်-အထူး-ဆိုပဲ။ ။

သုအိုင်စံ
၀၆-၁၀-၂၀၁၆
(-ကရင်ကရင်ချင်း ပြန်ချကြသော
ခွေးဖြစ်မဲ့ယာယီမဲသဝေါရက်များသို့-)

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))