((( အထွေထွေစာချုပ် )))
((( အထွေထွေစာချုပ် )))
မြို့လယ်က ကျောက်ဆောင်ကုန်းကမူမှာ
၁ ယောက်က ဗလီ ဆောက်ချင်တယ်
ကျန် ၄ယောက်က လက်မခံဘူး
မြို့လယ်က ကျောက်ဆောင်ကုန်းကမူမှာ
၁ ယောက်က ဘုရားကျောင်း ဆောက်ချင်တယ်
ကျန် ၄ယောက်က လက်မခံဘူး
မြို့လယ်က ကျောက်ဆောင်ကုန်းကမူမှာ
၁ ယောက်က ဘုန်းကြီးကျောင်း ဆောက်ချင်တယ်
ကျန် ၄ယောက်က လက်မခံဘူး
မြို့လယ်က ကျောက်ဆောင်ကုန်းကမူမှာ
၁ ယောက်က မီးနင်းကျောင်း ဆောက်ချင်တယ်
ကျန် ၄ယောက်က လက်မခံဘူး
မြို့လယ်က ကျောက်ဆောင်ကုန်းကမူမှာ
၁ ယောက်က ဘာမှ မဆောက်ချင်ဘူး
ကျန် ၄ယောက်က လက်မခံဘူး
မြို့လယ်က ကျောက်ဆောင်ကုန်းကမူမှာ
သေမင်းက သချိုင်းကုန်း ဆောက်ပေးလိုက်တယ်
၅ ယောက်လုံး လက်ခံရတယ်
ငါလောင်းပြိုင် ဒီ လူသေမှုမှာ
ဘုရားသခင်ဟာ တရားခံပဲ ဗိသုကာပဲ။ ။
သုနိုင်ငံ
၀၈-၀၂-၂၀၁၆
မြို့လယ်က ကျောက်ဆောင်ကုန်းကမူမှာ
၁ ယောက်က ဗလီ ဆောက်ချင်တယ်
ကျန် ၄ယောက်က လက်မခံဘူး
မြို့လယ်က ကျောက်ဆောင်ကုန်းကမူမှာ
၁ ယောက်က ဘုရားကျောင်း ဆောက်ချင်တယ်
ကျန် ၄ယောက်က လက်မခံဘူး
မြို့လယ်က ကျောက်ဆောင်ကုန်းကမူမှာ
၁ ယောက်က ဘုန်းကြီးကျောင်း ဆောက်ချင်တယ်
ကျန် ၄ယောက်က လက်မခံဘူး
မြို့လယ်က ကျောက်ဆောင်ကုန်းကမူမှာ
၁ ယောက်က မီးနင်းကျောင်း ဆောက်ချင်တယ်
ကျန် ၄ယောက်က လက်မခံဘူး
မြို့လယ်က ကျောက်ဆောင်ကုန်းကမူမှာ
၁ ယောက်က ဘာမှ မဆောက်ချင်ဘူး
ကျန် ၄ယောက်က လက်မခံဘူး
မြို့လယ်က ကျောက်ဆောင်ကုန်းကမူမှာ
သေမင်းက သချိုင်းကုန်း ဆောက်ပေးလိုက်တယ်
၅ ယောက်လုံး လက်ခံရတယ်
ငါလောင်းပြိုင် ဒီ လူသေမှုမှာ
ဘုရားသခင်ဟာ တရားခံပဲ ဗိသုကာပဲ။ ။
သုနိုင်ငံ
၀၈-၀၂-၂၀၁၆
Comments
Post a Comment