((( ခံပြင်းလွန်းတဲ့ပင်လယ် )))
((( ခံပြင်းလွန်းတဲ့ပင်လယ် )))
ပြောကြသေးရဲ့
မြစ်တွေကပေးဆပ်မှ
ငါဖြစ်လာရတာပါတဲ့
တကယ်ဆို
မြစ်တွေကို မျိုချဖို့
ငါဖြစ်လာရတာပါ
တစ်ဘ၀လုံး
ကိုယ့်ကိုယ်ကိုယ် ပက်လက်လှန်
အငွေ.ပြန်ကျိုချက်
ဒါ...မြစ်တွေကို အသက်ဆက်ဖို့ပါ
မြစ်ပေါင်းစုံရဲ့
အကျင့်ပေါင်းစုံ
ပေါင်းဆုံရာအရပ်
ကြည့်...ငါ့ရင်ဘတ်မှာ ဒါန်ရာစတွေ
အပြစ်မဆိုပါဘူး
မြစ်ဆိုတာ စီးမှာပေါ့
(တခါတရံတော့)
ငါ့နှုပ်ခမ်းပါးတွေကို
ခပ်ကြမ်းကြမ်း ဖဲ့ရွဲ.တိုက်စား
မြစ်များက...သိမ်မွေ.မှုမဲ့ စီးဆင်းမှုတွေနဲ့
ငါက...ရင်နာနေတဲ့ သီးခံခြင်းတွေနဲ့
ဘာဖြစ်ဖြစ်ပါ
အနစ်နာခံခြင်းဟာ ငါ့ဘဝ
ရင့်ကျက်ခြင်းဟာ ငါ့သိက်ခါ
ငါနေတတ်ခဲ့၊ ငါကျေနပ်ခဲ့
တချိန်လုံး
တောင်တန်းတွေကိုခေါ်မျှော်
သူတို့ပေါ်မလာကြ
ကောင်းကင်ကျယ်ကို ငါလွမ်းတ
နမ်းခွင့်ကို မရခဲ့တဲ့ ငါ
သဘာဝကျိန်စာကျမ်းကြီးထဲ
ကျေကွဲစရာတွေကို
ရေထဲမှာ ဖုံးဖိ
ကြိုးစား ပြုံးကြည့်ခဲ့ပါသေးတယ်
ငါရိုးသားခဲ့ပါတယ်
ငါကိုယ်တိုင် ရိုးသားခဲ့ပါတယ်
ငါ့အောက်ခြေရေသောက်မြစ်တွေ
ခြေထောက်ငြောင်းလာတဲ့အခါမျိုး
မုန်တိုင်းတွေ အလည်လာတဲ့အခါမျိုး
သူတို့ယူလာတဲ့ လေနီကြမ်းတွေကိုသောက်
တစ်ခွက်ပြီးတစ်ခွက်သောက်
ပေါက်ကွဲခက်ထန်တဲ့ ဂီတအောက်မှာ
အသွေးအသားတွေ ဆူဝေခဲ့ပြီ
ထိန်းချုပ်မှုတွေ လျော့ပြေခဲ့ပြီ
နာကြည်းချက်တွေလေ
ခံစားချက်တွေလေ
မကျေနပ်ချက်တွေလေ
ရင်မှာဆူပွက်
လှိုင်းလုံးတွေ တာထွက်သွားကြပြီ
ဟလို...ချစ်သူမြစ်များ
တစိမ့်စိမ့် မူးအားကောင်းတဲ့
နှစ်ချို့မျက်ရည်ဟာ
"ဒီရေ"တွေပေါ့
အကြင်နာတရားကတော့
အငွေ.ပျံသွားခဲ့တာ...ကြာပြီ။ ။
("မဟေသီ"မှာ ဖော်ပြခဲ့တဲ့ ကဗျာပါ)
သုအိုင်စံ ( ၂၀၀၁)
ပြောကြသေးရဲ့
မြစ်တွေကပေးဆပ်မှ
ငါဖြစ်လာရတာပါတဲ့
တကယ်ဆို
မြစ်တွေကို မျိုချဖို့
ငါဖြစ်လာရတာပါ
တစ်ဘ၀လုံး
ကိုယ့်ကိုယ်ကိုယ် ပက်လက်လှန်
အငွေ.ပြန်ကျိုချက်
ဒါ...မြစ်တွေကို အသက်ဆက်ဖို့ပါ
မြစ်ပေါင်းစုံရဲ့
အကျင့်ပေါင်းစုံ
ပေါင်းဆုံရာအရပ်
ကြည့်...ငါ့ရင်ဘတ်မှာ ဒါန်ရာစတွေ
အပြစ်မဆိုပါဘူး
မြစ်ဆိုတာ စီးမှာပေါ့
(တခါတရံတော့)
ငါ့နှုပ်ခမ်းပါးတွေကို
ခပ်ကြမ်းကြမ်း ဖဲ့ရွဲ.တိုက်စား
မြစ်များက...သိမ်မွေ.မှုမဲ့ စီးဆင်းမှုတွေနဲ့
ငါက...ရင်နာနေတဲ့ သီးခံခြင်းတွေနဲ့
ဘာဖြစ်ဖြစ်ပါ
အနစ်နာခံခြင်းဟာ ငါ့ဘဝ
ရင့်ကျက်ခြင်းဟာ ငါ့သိက်ခါ
ငါနေတတ်ခဲ့၊ ငါကျေနပ်ခဲ့
တချိန်လုံး
တောင်တန်းတွေကိုခေါ်မျှော်
သူတို့ပေါ်မလာကြ
ကောင်းကင်ကျယ်ကို ငါလွမ်းတ
နမ်းခွင့်ကို မရခဲ့တဲ့ ငါ
သဘာဝကျိန်စာကျမ်းကြီးထဲ
ကျေကွဲစရာတွေကို
ရေထဲမှာ ဖုံးဖိ
ကြိုးစား ပြုံးကြည့်ခဲ့ပါသေးတယ်
ငါရိုးသားခဲ့ပါတယ်
ငါကိုယ်တိုင် ရိုးသားခဲ့ပါတယ်
ငါ့အောက်ခြေရေသောက်မြစ်တွေ
ခြေထောက်ငြောင်းလာတဲ့အခါမျိုး
မုန်တိုင်းတွေ အလည်လာတဲ့အခါမျိုး
သူတို့ယူလာတဲ့ လေနီကြမ်းတွေကိုသောက်
တစ်ခွက်ပြီးတစ်ခွက်သောက်
ပေါက်ကွဲခက်ထန်တဲ့ ဂီတအောက်မှာ
အသွေးအသားတွေ ဆူဝေခဲ့ပြီ
ထိန်းချုပ်မှုတွေ လျော့ပြေခဲ့ပြီ
နာကြည်းချက်တွေလေ
ခံစားချက်တွေလေ
မကျေနပ်ချက်တွေလေ
ရင်မှာဆူပွက်
လှိုင်းလုံးတွေ တာထွက်သွားကြပြီ
ဟလို...ချစ်သူမြစ်များ
တစိမ့်စိမ့် မူးအားကောင်းတဲ့
နှစ်ချို့မျက်ရည်ဟာ
"ဒီရေ"တွေပေါ့
အကြင်နာတရားကတော့
အငွေ.ပျံသွားခဲ့တာ...ကြာပြီ။ ။
("မဟေသီ"မှာ ဖော်ပြခဲ့တဲ့ ကဗျာပါ)
သုအိုင်စံ ( ၂၀၀၁)
Comments
Post a Comment