((( ယာယီလိမ်းဆေး )))

((( ယာယီလိမ်းဆေး )))

ကျည်ဆံရဲ့ ထိပ်ပိုင်းဟာ
လူသတ်သမား ဖြစ်သွားပြီ
ကျည်ဆံရဲ့ နောက်ပိုင်းဟာ
ဘုရားပန်းအိုး ဖြစ်သွားတယ်

ခွင့်လွှတ်ရမလား မခွင့်လွှတ်ရဘူးလား
လူ့လောကဖြစ်စဉ်ကို ထပ်စဉ်းစားတဲ့အခါ
လူသတ်တာဟာ သမိုင်းဝင်သွားပြီး
ဘာသာရေးလုပ်တာဟာ စာမတင်ခဲ့ပါ

အဲဒီတော့...
စစ်ဆိုတာ မကောင်းဘူး---
ဖျက်ပါ
ဘုရားကိုးကွယ်တာ အလကားပဲ---
ဖျက်ပါ

အထက်က ပြောထားတာ နှစ်ခုစလုံး
လုပ်ဖို့ လုံးဝ မဖြစ်နိုင်တဲ့ ဒီကမ္ဘာမှာ
ဒီကဗျာလေးနဲ့ စိတ်ဖြေရတာပေါ့ဗျာ..။   ။

သုအိုင်စံ
၀၂-၀၃-၂၀၁၆

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))