((( ဘုရားသခင်ကငါ့တို့ကိုနေ့မိုးညမိုးရွာ )))

((( ဘုရားသခင်ကငါ့တို့ကိုနေ့မိုးညမိုးရွာ )))

ကျမ်းစာအုပ်ကို
ကွမ်းယာထုတ်ဖို့
ငါတို့ ဆွဲဆုတ်ခဲ့ကြတယ်

ငါတို့နဲ့ ပတ်သက်တဲ့
မြန်မာပြည်ကြီး
ရေကြီးတယ်

ငါတို့နဲ့ ဆက်နွယ်တဲ့
သြစတေးလျတိုက်ကြီး
ရေကြီးတယ်

ငါတို့ ရေမကူးတတ်ဘူး
ကျမ်းစာမှ မဖတ်ဖူးခဲ့တာပဲ
ငါတို့ ရေမကူးတတ်ဘူး
ကျမ်းစာထဲမှာက
ရေနှစ်သတ်တဲ့နည်းတွေပါတော့
ရေကူးနည်းတွေလည်း
ပါချင် ပါမှာပေါ့ကွာ
သူသာကြင်နာတတ်ခဲ့ရင်
-
သူသာကြင်နာတတ်ခဲ့ရင်
ဘယ်သူကရေနစ်ချင်ပါ့မလဲ...။   ။

သုအိုင်စံ
၂၅-၀၈-၂၀၁၅

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))