((( နိဗ္ဗာန်ယာဉ် )))

((( နိဗ္ဗာန်ယာဉ် )))

မဖွင့်ရသေးတဲ့အခေါင်းကို
မသေသေးတဲ့ အလောင်းထဲ ထည့်ကာ
ဝင်လာတာလား/ ထွက်သွားတာလား

အခေါင်းအသစ်ဟာ
အတိတ်နယ်ဗလာ၏ ပုံရိပ်လွှာ ဖြစ်နေတယ်

အလောင်းအစစ်ဟာ
အဆိပ်ပြယ်မသာ၏ ဂုဏ်သိက္ခာ  ဖြစ်နေတယ်

အကြောင်းအစစ်ဟာ
အဓိပ္ပါယ်မဟာ၏ ဘုံရိပ်သာ ဖြစ်နေတယ်

သေသွားတဲ့အလောင်းကို
ဖွင့်ထားအခေါင်းထဲ ထည့်ကာ
ထွက်သွားတာလား / ဝင်လာတာလား

ဇတ်လမ်းဟာ ဖြတ်သန်းသွားတယ်
သုသာန်နံ့ ညှီလို့ ...မြှုပ်နှံရပ်ဆီသို့.။   ။

သုအိုင်စံ
၂၃-၁၀-၂၀၁၆

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))