((( Saving Private Ryan )))
((( Saving Private Ryan )))
တိုက်ပွဲက အဆုတ်မှာ
လုံလောက်တဲ့ ဆေးဝါးက ရှိပါတယ်
ဒါပေမဲ့
ဒဏ်ရာသမားကို မသယ်နိုင်တော့ဘူး
တိုက်ပွဲက အဆုတ်မှာ
ဒဏ်ရာသမားကို သယ်နိုင်ပါတယ်
ဒါပေမဲ့
လုံလောက်တဲ့ ဆေးဝါးက မရှိပြန်ဘူး
တိုက်ပွဲက အဆုတ်မှာ
လုံလောက်တဲ့ ဆေးဝါးလည်း ရှိပါတယ်
ဒဏ်ရာသမားကိုလည်း သယ်နိုင်ပါတယ်
ဒါပေမဲ့
ဒဏ်ရာသမားက ကြာကြာ မခံတော့ဘူး
လက်တွေ့ စစ်မြေပြင်မှာ လိုအပ်လာတဲ့အခါ
စစ်ကြောင်းမှာ
လူဟာ ဖျက်ကျည်တစ်တောင့်မှ မပါလာတတ်ဘူး
သစ်ကိုင်းစူးတဲ့ ဒဏ်ရာ ခြေထောက်ဖြတ်လိုက်ရပြန်
Saving Private Ryan တွေပဲ ပြန် ပြန်ပြနေပေါ့။ ။
သုအိုင်စံ
၃၀-၀၃-၂၀၁၄
Comments
Post a Comment