Posts

Showing posts from November, 2017

((( ကာရန်အသုံးမှားခဲ့သော ကမ္ဘာရန်ကလုန်းများ )))

((( ကာရန်အသုံးမှားခဲ့သော ကမ္ဘာရန်ကလုန်းများ ))) သမီးများ ခရီးသွားကြသည် ပြန်လှည့်လာတဲ့အခါ အရံအဖွဲ့ပါလာတယ် ကလေးတစ်သိုက် ထွေးပိုက်စိုက်ပျိုး မုဆိုးမလေးရဲ့အနမ်း အဖအိုကို လန်းစေသလား ဘဝချိုကို ပန်းစေသလား အဖြေမဲ့အမေးများ တင်ကျန်ခဲ့တယ် အဖေမဲ့ခလေးများ ရှင်သန်ခဲ့တယ် အကြောင်းမူကား ဖခင်လူယောက်ျားသည် အစတွင် သူ ပျောက်သွားပြီ ဤသုတ်ပိုးအား ဖြေထုတ်မျိုးကူးပွား အထူးလူသားတွေဖြစ်လာ ဖေဖေရဲ့မေတ္တာလက်ဆောင်မဲ့ အဆိုး ရေရှည်တဲ့အပြစ်အနာနဲ့ တစ်ကောင်ကြွက်မျိုး ကလုန်းမျိုးဆက်လူသားအာလုံးဟာ အမုန်းအငြိုးအမျက်အားလုံးကို အပြုံးတန်ခိုးနဲ့ ဖုံးလျှိုးကာရံယူထားလျှက် ရိုးရိုးသာမန်လူသားရဲ့ပုံအသွင် တူစိတ်နဲ့ ရန်သူ့နှလုံးသားထည့်သုံးထားတဲ့ မိတ်ဆွေလား ဒီအဆိပ်အားထွင်ရန် ကြိုးကြိုးပမ်းပမ်းဆရာခံသူကား.. ရိုးရိုးတမ်းတမ်းသာမန်လူသားပဲတဲ့ ဗျာ (အဆိပ်တမင်ရှာချင်တဲ့ သိပ္ပံပညာရှင်များခင်ဗျာ...) ဒါဟာ... သင်တို့...ဆိုးဆိုးသွမ်းသွမ်းကာ ရန်ယူမှားတွဲခဲ့တဲ့ ကဗျာပျက်ဆိုး ကမ္ဘာကို ဖျက်ချိုးတော့မဲ့ လူ့ကလုန်းကောင်တွေ။ ။ သုအိုင်စံ ၂၇-၁၂-၂၀၁၂

((( ပြောင်းပြန်ပစ်ချက်များ )))

((( ပြောင်းပြန်ပစ်ချက်များ ))) ရက်စက် ကျေကွဲရာ အတိတ်လုပ်ရပ်တွေကြောင့် အသက်ဆက်နေဆဲမှာ စိတ်ဒုက္ခတွေရောက်ခဲ့တယ် သူ့ကိုယ်သူ ကျိန်စာဆိုးရဲ့ပြစ်ချက်သင့်ထားတ ယ်လို့ ထင်မြင်လျှက် ခံစား တကြိမ်မှာ ဆိုးခဲ့ဖြစ်တဲ့စစ်သားငယ်တို့ရဲ့ ရင်ခွင်ထွက် စကားများ တပ်မတော်ကြီးက မကြားပါ။ အရင်းခံရဲ့စိတ်ကို တအားချိုးဖဲ့ သင်းကွပ် ဖျက်ဆီး ပြင်းထန်တဲ့ အမိန့်ကို အစားထိုး အတင်းဇွတ် ဖွဲ့စည်းသော တပ်မတော်ထဲမှာ အမိန့်အားဖီဆန်တဲ့ စိတ်ကစားကျည်ဆံတွေ မရှိရဘူး မာနနဲ့ မနာခံဘူးလား၊ ဈာပနဲ့ရဲ့ သံစူးသွားမယ် စစ်ကျင့်စည်းမျဉ်းရဲ့ အရိပ်အောက်မှာ မြင့်မြတ်သောစိတ်ဟာ အသုံးမဝင်တော့ဘူး အဆင့်ဆင့်စီးဆင်းတဲ့ အမိန့်အောက်မှာ ညစ်ပတ်သောစိတ်ဟာ အကျုံးမဝင်တော့ဘူး စစ်ရူး စစ်မာန်နဲ့ အခွင်ထူး အခွင့်ခံ ယန္တယားတစ်ခုရဲ့ ယမ်းကားမှုဝါဒီနဲ့ မြန်မာပြည်။ ပြည်သူများက အခွန်စုပေး ထောက်ပံ့တဲ့ လခစား စရိတ်နဲ့ ရှင်သန် ထမင်းစားတယ် ပြည်သူအား ထပ်ကျွန်ပြုရေး ခြောက်လှန့်လျှက် ဘဝအား နှိပ်စက် တမင်ဖန်ဆင်းထားတယ် ပုံစံကွဲထွက်တဲ့ အရိုးခံ လူမျိုးစုတွေကို မျိုးပြုန်းတီးရေးအတွက် တမင် သတ်ဖြတ် ချေမှုန်းမြဲ ပုန်ကန်ခွဲထွက်မဲ့ အဆိုးရန် လူဆိုးထုတွေလို့ အငြ...

((( မှန်းချက် လွဲသွားတဲ့၊ နမ်းဖက်+ဆွဲထားချက်လား... ))) ((( နှမ်းထွက် နည်းသွားတဲ့၊ ရမ်းတွက်+လွဲသွားချက်လား... )))

((( မှန်းချက် လွဲသွားတဲ့၊ နမ်းဖက်+ဆွဲထားချက်လား... ))) ((( နှမ်းထွက် နည်းသွားတဲ့၊ ရမ်းတွက်+လွဲသွားချက်လား... ))) အမိအဖမြေနိုင်ငံတော်ဘဝရဲ့ ဆင်းရဲတွင်းနက်နက်ထဲသို့ ထိုလူတို့ရဲ့ ဒီဘဝမှာ ဗိုက်ရမ်းကားတွေ ကောက်ချီပြီး သွားသွားနေတဲ့  ဖောင်းကားကားနဲ့ ကြီးမားခန္ဒာကိုယ် ယိုင်ယိုင်တခုဟာ အသိမျှဝေ တိုင်ပင်ခံဖော် မရတဲ့ မဆင်းရဲခဲ့ခြင်းသက်သက်ပဲမို့ ထိုသူတို့ရဲ့ ပြည်ပမှာ တိုက်တန်းလျှားတွေ ဆောက်တည်ပြီး ငှားစားနေတဲ့ ကောင်းစားသွားတဲ့ ကြီးပွားဘဏ္ဍာကို ပိုင်ဆိုင်မှုဟာ သစ်ပင်ခုတ်လှဲ ကြေးနီတူးဆွ ဓါတ်ငွေ့ဖော်စုတ် ရေနံခပ်ထုတ် သူ့တို့ကိုယ်သူတို့သာ ချမ်းသာအောင် လုပ်ပြီး မွဲတေဆင်းရဲပူလောင်နေတဲ့ တိုင်းပြည်ကြီးအား စားပြီးသောက်ကာ မျက်နှာလွှဲပြီး ခဲပစ်သွားသလို၊ ငွေကို ပြည်ပမှာ သိမ်းထား၊ လူက ပြည်တွင်းမှာ နေထိုင်၊ အစိုးရဟာ ပြည်သူပိုင်များဟု ဖျက် သိမ်းမရရေး အတွက် သူခိုးသမဂ္ဂဟာ လူညီနိုင်ထားမှုနဲ့ ယိမ်းအကလေး ဖွဲ့စည်းလျှက် နိုင်ငံကို ဖျက်ဆီးတဲ့ ပုံရိပ်လွှာကို အပြောင်အစင် ဖျက်ကာ၊ ပြိုင်စံသလို အထက်စီးနဲ့ ဂုဏ်သိက္ခာကို အရောင်တင်လက်ကာ လက်ရှိ-ဘယ်အနိုင်ရပါတီတခုရဲ့ သက်တမ်းမှာ-မဆို-လမ်းပြသွားဟန်နဲ...

((( ဒီမိုကရေစီအစိုးရများ )))

((( ဒီမိုကရေစီအစိုးရများ ))) တဖက်သတ်နိုင်ငံရေးစံနယ်ပယ်ထဲ လူထုဟာ Like ရယ် share ရယ် ၂ ခုပဲ ရွေးချယ်ခွင့်ရမယ် ဆန္ဒကို comment ရေးကြပြန်တော့လည်း လိုအပ်ရင် လိုအပ်သလို အဖျက်ခံရလေရဲ့ ဒါပေမဲ့ Facebook ကို ကမ္ဘာလုံး အများသုံးတယ်။  ။ သုအိုင်စံ ၂၆-၁၂-၂၀၁၂

((( မြေကိုစမ်းမယ်၊ အနာဂတ်ကိုပျိုးမယ်၊ ဖက်ဒရယ်နဲ့ )))

((( မြေကိုစမ်းမယ်၊ အနာဂတ်ကိုပျိုးမယ်၊ ဖက်ဒရယ်နဲ့ ))) ပြည်နယ်ပေါင်းဆုံ (ပေါင်း+ဆုံ) ပြည်ထောင်စု မဟုတ်တော့ သစ်ခုတ်ရောင်းရငွေကို၊ ကျောက်စိမ်းထုတ်ရောင်းရငွေကို၊ ဓါတ်ငွေ့ထုတ်ရောင်းရငွေကို၊ ရေနံထုတ်ရောင်းရငွေကို၊ လျှပ်စစ်ထုတ်ရောင်းရငွေကို၊ ကြေးနီထုတ်ရောင်းရငွေကို၊ ဗဟိုအစိုးရကို ရာခိုင်နှုန်းနဲ့ပေးမလား၊ ပြည်နယ်အစိုးရကပဲ စားမလား ဒါတွေ---ဒါတွေဟာ---မကွဲပြား မသေချာပေမဲ့ ပြည်သူတွေ မစားရတာက သေချာနေခဲ့ ပြည်နယ်ပေါင်းဆုံ (ပေါင်း+ဆုံ) ပြည်ထောင်စု မဟုတ်တော့ နှစ်စဉ်နှစ်တိုင်းပေါ့ နိုင်ငံတော် အစိုးရဘတ်ချက် ခွဲခြမ်းချမှတ်ရင် ဘယ်တိုင်းရဲ့ လိုအပ်မှုကိုမှ မမြင်၊ ဘယ်ပြည်နယ်ရဲ့ လိုမှုကိုမှ မမြင် စစ်ခေါင်းစဉ်နဲ့ လုပ်လိုက်ပေရဲ့၊ စစ်တပ်ထဲ စီးဝင်သွားတဲ့ဘဏ္ဍာငွေ ဒါတွေ---ဒါတွေဟာ--စစ်တပ်ကြီး-တိုးတက်/မတက် မသေချာပေမဲ့... စစ်သားတွေ မစားခဲ့တာ သေချာနေရဲ့ ပြည်နယ်ပေါင်းဆုံ (ပေါင်း+ဆုံ) ပြည်ထောင်စု မဟုတ်ရင် ပြည်နယ်ပေါင်းစုံပြည်ထောင်အကြွဲ ကီး-လို့ -ဆိုကြပါစို့လား... မင်းတို့ နဲ့ ငါတို့ အနှစ် ၆၀ ကျော် စစ်မီး ဆော့ကစားခဲ့တာ ဖြစ်သင့်သော-စစ်ကို အမြစ်ဖြုတ်ချင်လို့လည်း မဟုတ်ဘူး ဖြစ်သင့်သော-ခေတ်ကို အသစ်လုပ်ချင်လို...

((( မှိုချိုးမျှစ်ချိုး စိုက်ပျိုးခံရတဲ့ အလှ-အပင်လေးများလို ဘဝ-ရင်သွေးများ )))

((( မှိုချိုးမျှစ်ချိုး စိုက်ပျိုးခံရတဲ့ အလှ-အပင်လေးများလို ဘဝ-ရင်သွေးများ ))) - - ဟိုတုန်းက သူပုန်တွေတပ်သားက ဦးနှောက်နည်းတယ် လောပိတဓါတ်တိုင်ကို မိုင်း သွား သွား ခွဲခဲ့တယ်လေ ------------------------------ ------ လောပိတဓါတ်တိုင်အောက်မှာ ဝါးရုံတစ်ရုံ ပေါက်လာတယ် ကယန်းကလေးငယ်တယောက်ဟာ ဝါးရုံရှိရာမှာ မျှစ်သွားချိုးတယ် လောပိတဓါတ်တိုင်အောက်မှာ တပ်မတော်က မိုင်းထောင်ခဲ့တယ် ဂျိန်းကနဲ ထကွဲကာ လူမျှစ်တငုတ်ဟာလည်း မှိုးချိုးမျှစ်ချိုးပဲ ပေါင် ထက်ပိုင်း ကျိုးပြတ် စိုင်းခမ်းလိပ် သီချင်းထဲမှာ ရေးစပ်ခဲ့သလိုပေါ့ လောပိတကတော့ လောပိတကို အခုထိ ကောင်းကျိုးမပေးသေးဘူး မျှစ်ခူးချင်ရင် ပေါင်ကျိုးတတ်တယ်---တဲ့-- ဒီလို--ငါတို့--ကကန်းကျေးလက်လူ ထုတွေ ဗဟိုအစိုးရရဲ့ မှိုးချိုးမျှစ်ချိုး စိုက်ပျိုးခံနေခဲ့ရ အခုတော့ ကျုပ်တို့ ကြီးလာကြပြီ ဟိုး--- ဝေးဝေးက ဓါတ်တိုင်ကို လှမ်းမြင်မိပါတိုင်း ခန္ဒာက ကျုပ် ပေါင်ပြတ်ပိုင်းကို ပြန်ပြန် စမ်းနေမိရဲ့ ------------------------------ ------------ ဟိုတုန်းက အစိုးရတပ်သားတွေက ဦးနှောက် ပို န...

((( မြန်မာဘုန်းကြီးကျောင်းသားအတုများ )))

((( မြန်မာဘုန်းကြီးကျောင်းသားအတုများ ))) ကျောင်းကိုသွားပြီး ပညာသင်ဖို့ထက် ချောင်းထဲသွားပြီး ရွှေရှာချင်ကြတဲ့ ရင်တွင်းဖြစ်ဆန္ဒဟာ အပင်ရင်း အမြစ်ဖြတ်ခံရတဲ့ မျိုးဖျက်ကင်ဆာမှန်းမသိ ရွှေရရင် ငွေရမယ် ဆိုတာပဲသိတဲ့ ခလေးတွေ ရွှေကျင်ကြတယ်။ ရွာအပြင် ချောင်းဖျားက ထွက်တဲ့အရာ သယံဇာတဆိုတာ ရောင်းစားဖို့ပဲလေ လို့ အစဉ်အလာနဲ့ သဘောပေါက်ထားတော့ နဂိုပိုင်သည့် ရွှေပေါများတဲ့ အောက်ခြေနက် ရှိဆဲရွှေတွင်းထက် လူ့ လောဘဟာ တကယ် ပို တွင်းနက်မှန်း မသိရှိခဲ့ကြသလို။ စာသင်ကျောင်း သွားမတက်ကြတဲ့အခါ ဥာဏ်ဥာဏဆိုတာ ခေါင်းပါးလို့ မွဲတေလို့ ပညာမဲ့ တောပျောက်သွားတော့ ကိုယ်ပိုင်အသိတွေဘဘောတရားမဲ့ နေတဲ့ အသိမွဲနေခြင်းထက် လူ့ လောကဟာ တကယ် ပို ကျဉ်းခဲ့မှန်း သတိမရှိခဲ့ကြပေ။ လူကြီးတွေလည်း နက်နက်တူးနေတယ် ခလေးတွေလည်း ဆက်ဆက်တူးနေတယ် အရင်းအနှီး အဆုံးမရှိဘူး တွင်း အပြီး အဆုံးထိ တူးမယ် လွယ်လှတဲ့ဒီလမ်းမှာ ကြွယ်ဝမဲ့ချမ်းသာနည်းဟာ ဘွဲ့ပညာရပ် တခု မလိုတော့လည်း။ ရွှေကျင်တဲ့အခါ မြေအပေါ်ယံထက်က မြေသားဟာ မြေဖျော်ကန်စက်ထဲမှာ ရေစားသွားပြီး မြေဆီမြေနှစ်ဟာလည်း ရေနီရေညစ်ထဲ မျောပါသွားတယ် အပေါ်ကို တူးဆွလို့ တက်လာတဲ့ မြေအောက်သားက ရာသီပေါ်သီးရွက်သီးနှံတောင...

((( အိပ်နေတဲ့မြန်မာ )))

((( အိပ်နေတဲ့မြန်မာ ))) အိပ်နေတဲ့တောင်မှာ တောရိုင်းဆင်ကြီးတွေ ရှိတယ် အိပ်နေတဲ့တောင်ပေါ်ကို ဆင်ပစ်တဲ့သေနတ်တွေ တက်လာတယ် အိပ်နေတဲ့တောင်ပေါ်မှာ ဂျီ၊ ဆတ်၊ စတဲ့ သားကောင်တွေ ရှိတယ် အိပ်နေတဲ့တောင်ပေါ်ကို အမဲပစ်တဲ့သေနတ်တွေ တက်လာတယ် အိပ်နေတဲ့တောင်မှာ ဈေးကောင်းရတဲ့ ကျွန်းသစ်ပင်တွေ ရှိတယ် အိပ်နေတဲ့တောင်ပေါ်ကို သစ်ပင်လှဲတဲ့စက်တွေ တက်လာတယ် အိပ်နေတဲ့တောင်ပေါ်မှာ မီးသွေးဖုတ်လို့ရတဲ့ သစ်ပင်တွေ ရှိတယ် အိပ်နေတဲ့တောင်ပေါ်ကို မီးသွေးဖုတ်တဲ့ မီးစတွေ တက်လာတယ် ကြာတော့ အိပ်နေတဲ့တောင်ပေါ်မှာ ရှိတာတွေဟာ မရှိကြတော့ဘူး ကြာတော့ အိပ်နေတဲ့တောင်ပေါ်မှာ မရှိတာတွေ ထပ်-တက်လာတယ် ကြေးနီတူးစက်---တဲ့ အိပ်နေတဲ့တောင်ဟာ ထာဝစဉ် ထာဝရ အိပ်နေတာကိုး အိပ်နေတဲ့တောင်ဟာ အိပ်နေတဲ့တောင်မှာ ကြေးနီရှိတာကို မသိဘူး အိပ်နေတဲ့တောင်ကို တရုတ်ယုတ်တွေ တူးတယ်--သယ်တယ်--ထုတ်တယ်--- ကြာတော့ အိပ်နေတဲ့တောင်ဟာ နိုးထဖို့ရာ အသက် မရှိတော့ဘူးလေ အိပ်နေတဲ့တောင်ဟာ အဲဒီနေရာမှာ အိပ်နေတဲ့အတိုင်း မရှိတော့ဘူး အိပ်နေတဲ့တောင်ပေါ်မှာ အပြစ် မရှိပါဘူး အိပ်နေတဲ့တောင်ကို ရိတ်နေတဲ...

((( ရင်သွေး )))

((( ရင်သွေး ))) သူရှုံးနိမ့် ကိုယ်ပြုံးပျော် ပိုက်ကျော်ခြင်း ခတ်နေတာ မဟုတ်ဘူး သူရှုံးနိမ့် ကိုယ်ပျော်ပြုံး ဘော်လုံးကို ကန်နေတာ မဟုတ်ဘူး ညီညီညာညာ လက်တွဲ ဝိုင်းထဲမှာ ရသတန်ခိုး မြောက်ကြွနေရန် ဝိုင်းထဲမှာ ဘဝတန်ဖိုး တောက်ပနေရန် စည်းလုံးခြင်းကာရန်နဲ့  ဝိုင်းဝန်းရံခတ်ကြ ကွင်းထဲမှာ မခတ်တတ်သေးသူတွေ ဘေးနားက လေ့လာနိုင်သားပဲ ခတ်တတ်ပြီးသူတွေ ညီညွတ်ဆက်လက် နေထိုင်သွားဆဲ ဝိုင်းခြင်း အားကစား အတတ်ပညာဆိုတာ မြန်မာ့ရိုးရာစစ် မူပိုင်မှုတခု မဟုတ်လား ပြည်ထောင်စုဆိုတာ မွေးစားသား မဟုတ်ဘူးကွာ လေ့လာပါ၊ ဝင်ပါပါ၊ ပတ်သက်ပါ၊ ဘေးတိုက်လှမ်းကာ၊ ကန့် လန့် ကြီး ချီတက် မလာနဲ့ ကွာ။ ။ သုအိုင်စံ ၀၃-၀၉-၂၀၁၆ ( ဝ- သို့ -ပေးစာ )

((( အပေါင်းလက္ခဏာ )))

((( အပေါင်းလက္ခဏာ ))) ပင်လယ် မရှိတဲ့ မျဉ်းဖြောင့်ဟာ ၉၀ ဒီဂရီ ရပ်နေရတယ် တောင်တန်း မရှိတဲ့ မျဉ်းဖြောင့်ဟာ ၁၈၀ ဒီဂရီ ဖြတ်သန်းသွားရတယ် ပင်လယ်ရော တောင်တန်းရော မရှိတဲ့ ဆုံချက်ဟာ လွင်ပြင်လို ညှိနှိုင်းနေရတယ် အဲဒီမှာ အပေါင်းလက္ခာဏာ ဖြစ်တယ် အဲဒီမှာ တိုင်းပြည် ဖြစ်တယ် အဲဒီမှာ ပြည်ထောင်စု ဖြစ်တယ် ခွဲထွက်ရင် ပွဲပျက်မှာပေါ့ မင်းမျဉ်းတကြောင်းတည်း မြောင်းထဲသွားနေလို့ရရင် နေကွာလို့ ငါတို့ဟာ လက်ခံလို့ မဖြစ်ဘူး ဒါဟာ မင်းရောဂါ ငါ့သွေးထဲ လှည့်သွားနေတဲ့ ငါတို့ရဲ့ ဗဟိုလုံးသားပဲ ဖြစ်တယ်...။ ။ သုအိုင်စံ ၀၄-၀၉-၂၀၁၆

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတေ လာင်းနှင့် ညီ/မညီ ))) စူပါ စစ်အားအင် ပိုင်ထားတဲ့ ပန်တခွန် ပဉ္စဂံတိုက်ထဲမှာ ဗျူဟာသစ်များဆင် ထိုင်ထားလျှက် ရန်စွယ်ချွန် ရှင်သန် မိုက်မဲစွာ ကမ္ဘာကြီး ရှင်သန်သွားတဲ့ ပစ္စုပ္ပန်ယန္တယားရဲ့ နယ်ပယ် အမျိုးမျိုးမှာ ဆရာကြီး တမင်ဆန်ထားတဲ့ အကျင့်ယုတ် ဥာဏ်စွမ်းအားနဲ့ ချယ်လှယ် စိုးမိုးလာ အကြီးဆုံး နိုင်ငံရေးအတ္တများနဲ့ ကမ္ဘာတဝှမ်း ရှိသမျှကို ရွာအဖြစ်တည်ရန်အတွက် စည်းလုံးခိုင်ဟန်ရေးပြသထားတဲ့ ဆရာရမ်းသည့်အတတ်ကို ကမ္ဘာသစ်စီမံချက်ဟာ အမေရိကရဲ့ ပုံသေးနည်းတွေနဲ့ အတင်းဘောင်ခတ်ထားတဲ့ လူသားအရေး မူလမ်းစဉ်နဲ့ အဖြေညှိမရတဲ့ ဘုံနေနည်းတွေရဲ့ အလင်းရောင်ပြသွားတဲ့ အတူသွားရေး လူလမ်းထွင်ခဲ့ အစွမ်းအစမှာ အားလိုသေးတဲ့ နိုင်ငံသားလေးများ အားလုံးကို စုစည်းချုပ်နှောင်သွားရန် အငမ်းမရစွာ ဝါးမျိုရေးနဲ့ အပိုင်စံစားရေးအား အားသုံးဗိုလ်ပြုပြီး လုပ်ဆောင်သွားရန် အားသာဗိုလ်ကျတဲ့ ကိုယ်မှန်တရားနဲ့ အလံမြင့်တက်-လွင့်ရာကို လိုက်လုပ်ဖို့ အများတကာ အလိုမကျတဲ့ ကြိုကန်ထားချက် ရန်စစ်ဘက်-မျက်နှာကို တိုက်ထုတ်လို့ ပညာရှိလူတန်းစားကို ကြေးထိုး ခါးပိုက်ဆောင် ထည့်ထားလို့...

((( ကားများ )))

((( ကားများ ))) ငါတို့ဟာ ရေ မြေ လေ မီး၊ ကားဘီး ၄ ဘီးပေါ်မှာ ရပ် တည် ပြီး သစ္စာလေးပါးဆိုတဲ့ အရပ် လေးမျက်နှာတွေဆီကို အမှားနဲ့အမှန်ပြောင်းပြန်ပြေးလွှားနေတဲ့ မှန်ကန်ခြင်း သံသရာ လမ်းမကြီးပေါ် လီဗာနင်းလိုက် ဂီယာသွင်းလိုက် ပျော်/ပျော်/ မပျော်/ပျော် ဂိတ်တွေလည်း ပျောက်ခဲ့သလို ဘရိတ်တွေလည်း ပေါက်ခဲ့တာပဲ လူအုပ်ကြီးက လူစည်းကမ်းလိုက်နာသလို ကားတန်းကြီးက လမ်းစည်းကမ်းမဖောက်ရဘူး တစ်ယောက်ကဖြစ်ဖြစ်/ နှစ်ယောက်လုံးပဲဖြစ်ဖြစ်/တအုပ်လုံးကဖြစ်ဖြစ် လမ်းစည်းကမ်းဖေါက်လို့ဖြစ်တဲ့ ရပ်ကွက်ထဲကရိုက်ပွဲတွေ လမ်းစည်းကမ်းဖေါက်လို့ဖြစ်တဲ့ ပြည်တွင်းစစ်တွေ လမ်းစည်းကမ်းဖေါက်လို့ဖြစ်တဲ့ ကျူးကျော်စစ်တွေ လမ်းစည်းကမ်းဖေါက်လို့ဖြစ်တဲ့ ကမ္ဘာစစ်တွေ နောက်တော့လည်း ကားသချိုင်းထဲက စွန့်ပစ်ကားတာယာပုံကြီးလိုပါပဲ အသုံးမဝင်တော့ပေမဲ့ ဖျောက်ပစ်ဖို့ သိပ်ခက်နေတဲ့သမိုင်းဆိုးတွေပေါ့ ငါတို့ ဘယ်လောက်ပဲ ပင်ပင်ပန်းပန်းနဲ့မောင်းလာမောင်းလာ နေဆည်းဆာ ထန်းရိပ်အောက်မှာ ဂိတ်ထိုးမော့ချင်တဲ့ တူညီတဲ့အပြုံးတွေရှိကြတာပဲ (ငြိမ်းချမ်းရေးစကားဆိုတာ အရက်သောက်ပြီးဆွေးနွေးလို့ရနိုင် တယ်) တွဲလုံးမတီးတတ် လိုက်ပွဲမမှာတတ်ရင်တောင်မှ လူဟာကိုယ့်အတ္တတော့ ကိုယ်...

(((( စစ်ဆေးကွက်များ )))

(((( စစ်ဆေးကွက်များ ))) အရိုးခေါင်းတွေလည်း မျိုးကောင်းနေဆဲ/ သွေးညှီနံ့တို့ ဆေးမညီ ပြန့်လို့/ သေနတ်တွေရဲ့မိုက်တွင်းနက်ရာ/ ဘဝသေရဲ့စိုက်ခင်းပျက်မှာ/ အထိန်းအမမဲ့ ပေါက်ဖွားတဲ့ သစ်ပင်လေးတို့/ မိန်းမနဲ့ယောကျားရဲ့ ချစ်ရင်သွေးတို့/ အညွန့်ပြတ်ဆွေးလို့ ခေါင်းကိုငိုက်စွာ သူ့နေမင်းသည် အစောကြီး ထွက်လာသေခဲ့သည်/ မလွပ်လပ်သေးလို့ အခေါင်းကိုပိုက်ကာ လူ့သေတွင်းဆီ အလောတကြီး ဆက်လာနေခဲ့ပြီ/ ယာယီပေမဲ့ အမြဲတမ်း ဖြစ်နေသော စစ်ပန်းချီကားဟောင်းထဲမှာ သုသာန်များကိုဖွဲ့တည်/ နာရီတွေရဲ့ ငရဲလမ်းပွင့်နေသော ခေတ်အလီလီများ ပြောင်းလဲကာ မြှုပ်နှံထားသိုခဲ့သည်/ ဒီပန်းချီမှာ မြန်မာတိုင်းရဲ့ မျက်လုံးဝိုင်းထဲက အပျော်သေ/ မျက်နှာတွေပေါ်ကသချိုင်းရိပ်များ / ကဗျာပြုထားသောအနိဌာရုံ (ပုံရိပ် ၁) တာဝန်ကြေ စပါးတွေ အခွန်ဆောင်လိုက်ပြီးတဲ့အခါ စပါးကျီဟာ အခွံပဲ ကျန်ခဲ့ပါသတဲ့ ဝမ်းစာမဲ့ လယ်သမားဟာ ဆွဲယူ ချေးငှား အတိုးလျှောက်စား ပေါင်နှံ နောက်တမိုးရောက်သွားတော့ သောကတွေပဲဗွက်ပြန်ထ ဒုက္ခတွေပဲရေလျှံကျတယ်။ (ပုံရိပ် ၂) တနေကုန်အလုပ်ကြမ်းဆင်းမှ အဲဒါကို တနေ့စား တောင်ယာခင်းနေ့စားဟာ အမေ့ပုံနွမ်း အဆင်းမလှတာကို မတွေ့အား၊ နာခြင်းကိုပါ မေ့ထာ...

((( နောက်ဆုံးညစာ )))

((( နောက်ဆုံးညစာ ))) မြစ်ဆုံ....................... ........၀၅ ကျပ် (ရောင်းပြီး) ဧရာဝတီ........................ ....၁၀ ကျပ် (ရောင်းပြီး) ကချင်ကျောက်စိမ်းတွင်း......... ၀၅ ကျပ် (ရောင်းပြီး) ကြေးနီတောင်နဲ့ ပုပ္ပါးတောင်...၁၀ ကျပ် (ရောင်းပြီး) ဒေါနတောင်တန်း................. ၁၀ ကျပ် (ရောင်းပြီး) တနသာရီသတ္ထုမိုင်း.............. ၀၅ ကျပ် (ရောင်းပြီး) သံလွင်ရေကာတာ................၀၅ ကျပ် (ရောင်းပြီး) ရခိုင်ဓါတ်ငွေ့တွင်း........... ....၁၅ ကျပ် (ရောင်းပြီး) ပဲခူးရိုးမကြိုးဝိုင်း......... ..........၁၀ ကျပ် (ရောင်းပြီး) ကမ်းလွန်ပင်လယ်ပြင်...........၁ ၀ ကျပ် (ရောင်းပြီး) ------------------------------ ------------------------ စုစုပါင်းရောင်းရငွေ........... ၈၅ ကျပ် (နိုင်ငံဘဏ္ဍာ) - ပြည်တွင်းစစ်.................. ......၃၅ ကျပ် (နှုတ်ရန်) ပညာရေး........................ .....၀၅ ကျပ် (နှုတ်ရန်) ကျန်မားရေး.................... ......၀၅ ကျပ် (နှုတ်ရန်) စီးပွားရေး.................... .........၁၅ ကျပ် (နှုတ်ရန်) တည်ဆောက်ရေး...............

((( တေးသီချင်းသံစဉ်-လွင့်လွင့်- သွေးချင်းအလံတင်-မြင့်မြင့်- )))

((( တေးသီချင်းသံစဉ်-လွင့်လွင့်- သွေးချင်းအလံတင်-မြင့်မြင့်- ))) ပင်လုံညီလာခံသစ်တေးကိုကွယ် ရင်ခုန်ညီညာသံအစစ်လေးနဲ့ ဆိုမယ် တူရိယာပေါင်းစုံ တွဲ တီးရေးဝါဒမှာ လူရှိတာပေါင်းဆုံပွဲ စည်းဝေးလာကြရာ ပြည်ထောင်စုသားမှန်ရင်နွေးထွေြး ကကာ ညီနောင်ထုအားမာန်တွင်သွေးစေးကပ် စွာ ခု-ရာသက္ကရာဇ်ရဲ့နှစ်ဆယ့်တစ်သမို င်းမှာ ခု-တခါထပ်ဖြစ်တဲ့ အသက်စစ်တိုင်းဟာ ကွဲခြားစွာတွဲထားတဲ့ လေပြည်ကို အတူ ရှူမည် ကွဲခြားစွာတွဲထားတဲ့ ရေကြည်ကို အတူ သောက်မည် ကွဲခြားစွာတွဲထားတဲ့ မြေညီကို အတူ နင်းမည် ကွဲခြားစွာတွဲထားတဲ့ နေခြည်ကို အတူ ပွေ့မည် ကွဲခြားစွာတွဲထားတဲ့ အသိတရားကို အတူ မျှဝေမည် ကွဲခြားစွာတွဲထားတဲ့ အတွေးအမြင်ကို အတူ ဆွေးနွေးမည် ကွဲခြားစွာတွဲထားတဲ့ လမ်းစဉ်ကို အတူ ယုံကြည်မည် ထိုအရာသည် ဘယ်တိုင်းရင်းသားဘာသာစကားနဲ့ ပဲ သီဆို သီဆို ပြည်ထောင်စုဆိုတဲ့ အဓိပ္ပါယ်ရတဲ့ သစ္စာစစ်အမှန်ပဲ ညီနောင်ထုဆိုတဲ့ အင်အားရတဲ့ သိက္ခာစစ်အမှန်ပဲ အဲဒါဟာ နှစ်ဆယ်တစ်ရာစုမြန်မာနိုင်ငံတော်ရဲ့ ပြည်ထောင်စုမဏ္ဍိုင်အလံတော်ပဲဖြစ် တယ်။ ။ သုနိုင်ငံ ၂၀-၀၅-၂၀၁၅

((( ကလေးသူပုန်စစ်သား )))

((( ကလေးသူပုန်စစ်သား ))) မီးလောင်ကုန်းမြေ ဘဝလွင်ပြင်မှ ပဒပ်စာပင်တွေ ထပေါက်လာတာကို အသိအမြင်ဟင်းချိုလုပ်လို့ရကောင်းမှန်း တိုက်ပွဲကြမ်းထဲကကျောင်းသားလေးဟာ လူ့-အစတွင် ခေါင်က အညွန့်ကျိုးပဲ့ခဲ့လို့ သူ့-ဘဝတွင် ရင်က အခက်ဝေကာ သိခဲ့ရကြောင်း ကျီးပေါင်းတက်၍ လူဖြစ်ဆိုးလာခဲ့မှုမှာ ရိုးရာပြု စစ်ကရိယာ ဖြစ်သွားရပြန်တယ် သုသာန်ဆန်တယ် သတ္တိပြည့်တယ်။ ။ သုအိုင်စံ ၂၀-၀၅-၂၀၁၆

((( ကျောက်ဂူထဲက ၉ဦး နိုင်ငံရေး )))

Image
((( ကျောက်ဂူထဲက ၉ဦး နိုင်ငံရေး ))) ဒီနေ့ (၁) အသားရှာ၊ ငါးရှာ၊ အမဲလိုက် ၂ ယောက် သွားပါ (၂) ဟင်းသီးဟင်းရွက်ခူး၊ သစ်ဥတူး ၂ ယောက်သွားပါ (၃) ယာခင်းပေါင်းဆွ၊ ခြံစည်းရိုးကာ ၂ ယောက် လုပ်ပါ (၄) ထင်းခွေ၊ ထမင်းဟင်းချက်၊ ရေခပ် ၂ ယောက်လုပ်ပါ (၅) ထမင်းဟင်းကျက်တဲ့အခါ ငါ့ကို နှိုးပါ။ ။ သုအိုင်စံ ၁၁-၀၈-၂၀၁၄

((( အရှင်စန္ဒိမာလ )))

Image
((( အရှင်စန္ဒိမာလ ))) အရှင်စန္ဒိမာလဟာ ငယ်ငယ်က ဆယ်တန်းကို ၅ဘာသာဂုဏ်ထူးနဲ့ အောင်တယ် လူတွေ ငန်းငန်းတက်နေတဲ့ RIT တို့ MEDICINE တို့ကို မယူခဲ့ဘူး ဘာသာရေးမှာ သက်ဝင်ယုံကြည်လွန်ပြီး ဘုန်းကြီးဝတ်သွားတယ် သူ့ရည်ရွယ်ချက်က ပညာတတ်ရဟန်းတော်ဘဝနဲ့ သာသနာပြုမယ်ပေါ့ သီရိလင်္ကာမှာ ကျောင်းသွားတက်တယ် ဓမ္မာစရိယ အောင်တယ် ပိဋက ၃ ပုံကို တစ်ပုံ လောက် ဦးနှောက်ထဲ ထည့်ပြီးပြီ။ ရွှေဝါရောင်တော်လှန်ရေး ဖြစ်တယ်။ လူငယ်ပညာတတ်ရဟန်းဟာ နိုင်ငံရေးမှာ ရှေ့တန်းက ပါလာတယ် သပိတ်စခန်းမှာ ခေါင်းဆောင်ဖြစ်လာတယ် ကင်းစောင့်တာက အစ ဆန္ဒပြပွဲစီစဉ်မှု အဆုံး လိုအပ်သမျှတွေ အားလုံးကို အနစ်နာခံ လုပ်တယ် ဒါပေမဲ့ တခြားခေါင်းဆောင်တွေလို မနပ်တဲ့ အရှင်စန္ဒိမာလဟာ ဆန္ဒပြပွဲမှာ ရှေ့ဆုံးကနေ ချီ ချီတက်ပြီး သတ္တိပြတယ် အဲဒီနေ့က မိစ္ဆာပူးနေတဲ့ စစ်တပ်က သံဃာတွေကို ပစ်သတ်တယ် သင်္ကန်းတွေ ဖိုးယိုးဖားယား၊ တရားရွတ်သံတွေ လုံးလားထွေးလားနဲ့ ရဟန်းတွေပြေးလွှားတယ် ထိတယ် ဒဏ်ရာရတယ် သေတယ်။ ခေါင်းကို ကျည်ဆံဖောက်သွားတဲ့ အရှင်စန္ဒိမာလဟာ ရန်ကုန်ရဲ့ မဲညစ်နံစော်နေတဲ့ မြောင်းပုတ်ထဲမှာ မှောက်ခုံကျသေတယ် ပစ်သတ်တဲ့ စစ်အစိုးရက အလောင်းကို မရှုင်းဘူး တစ်ရက်ပြီးတစ်ရက် သံဃာအလေ...

(((အစာအိမ်ကိစ္စ)))

Image
((( အစာအိမ်ကိစ္စ ))) လူကလေးရဲ့ အစာအိမ်အတွင်း အစာ မဆင်းလာတာ ၃ လ ကျော်ပြီ ဒီနံရိုးကြားပေါ် ဒီအရေပြား ပျော်ကျ ကပ်နေပြီ၊ ဘယ်လိုမှ၊ မပြည့်နိုင်တော့ဘူး ရပ်နေပြီ၊ ဘယ်ကိုမှ၊ မရွေ့နိုင်တော့ဘူး မေ့မျောခွေလဲ၊ သေခဲတဲ့ ရုပ်နဲ့နာမ်ရဲ့ သူ့ရဲ့ အသက်ထွက်နေဆဲဝေဒနာ...သိပ်...ရှည် ....ကြာ...နေ...ခဲ့...ပေါ့ ရွေ့လျှားနေသေးလား ရွေ့လျှားနေသေးလား..လို့ တွေ့ထားတဲ့ အစာကို ဆန်းစစ်လျှက် အဖန်ဖန်အခါခါ ((ထ ထ ပျံ ပျံလာခဲ့) (ခဏ ခဏ ပြန် ပြန်လာခဲ့)) ငှက်လဒရဲ့ခန္ဓာထဲက အစာအိမ်ဟာ တွန့်ခေါက် လူကလေး အသက်မပျောက်သေးဘူးလားဟေ့ သူရဲ့ စောင့် စား နေတဲ့ အဓိကညစာ...အသိစိတ်က...အား...နာ. ..နေ...ခဲ့...ပေါ့ အလိုလို ငတ်လို့သေနေတဲ့ မသာ ဒါ... ဘယ်လိုမှ မြင့်မြတ်တဲ့အစာ မဟုတ်ပါလား လဒ အတွေးအခေါ်က အစာကို ခွဲခြားတတ်ပေမဲ့ လဒ အစာအိမ်က အစာကို ဆွဲစားဟတ်နေခဲ့တယ် ရုပ်ကလာပ်က လမ်းမြေမှာ နွမ်းခွေနေပေမဲ့ စိတ်ဓါတ်မြတ်က နန်းမြေမှာ အပန်းဖြေနေခဲ့တယ် လူဟာ သူ ကျင့်သုံးတဲ့ ဥပဒေများထဲ ရဲနေရ သူဟာ လူဖြစ်ရှုံးတဲ့ လူ့ပြည်သားပဲ မွဲသေကြတယ် ကံ အကျိုးတရား တောင်းဆုပေးမှားခဲ့လေတဲ့ ဒဏ်၊ အဆိုးများ ပေါင်းစုဝေးထားတဲ့မြေရဲ့ မွေးဖွားနေတဲ့ လူသားဟာ အရှုံးသက်...

((( အမှန်တကယ်ညီမျှတဲ့ညီမျှခြင်းတကယ်အမှန် )))

((( အမှန်တကယ်ညီမျှတဲ့ညီမျှခြင်းတကယ် အမှန် ))) ဘုန်းကြီး ၃ သိန်းကို ( ဘုန်းကြီး၅သောင်း + အလုပ်သမား၂သိန်း၅သောာင်း) ဖြစ်အောင်လုပ်မယ် စစ်သား ၁သိန်းခွဲကို (စစ်သား ၁သိန်း + အလုပ်သမား ၅သောင်း) ဖြစ်အောင်လုပ်မယ်။ ရလာတဲ့ အလုပ်သမား ၃သိန်းကို အသစ်လာမြှုပ်နှံမဲ့ စက်မှုစီးပွားရေးဗျူဟာ ယန္ဒယားသစ်ထဲ ပစ်ထည့်မယ်။ ရလာဒ်က ဘာလဲ??? (၁) အစာအိမ် ၃သိန်းကို အလကား မကျွေးရတော့ဘူး။ (၂) ဦးနှောက် ၃သိန်း ကနေ အကောက်အခွန်တွေ ရမယ်။ (၃) အမျိုးကောင်းသမီး ၃သိန်းကို ထမင်းဝအောင် လုပ်ကျွေးသွားနိုင်မယ်။ (၄) အသုဘ ၃သိန်းဟာ သူ့ ကုန်ကျစရိတ် သူ တာဝန်ယူသွားမယ်။ (၅) မွေးလာတဲ့မျိုးဆက်တွေကို ဘာသာရေးအတတ် သိပ်မစူးအောင် အဖြူအစိမ်းသက်သက် ဝတ်ခိုင်းပြီး ဘော်လုံးသမားနဲ့ ITသမားတွေ ဖြစ်အောင် နိုင်ငံတကာ အဆင့်မှီ ပို့ ချမယ်။ ထိုအတွက်ကြောင့် နည်းနည်း ပိုတိုးတက်လာမဲ့ ငါ့တိုင်းပြည်မှာ များများ ပိုပြီး အသုံးကျတဲ့ တရားမျှတသော အစိုးရပဲ လိုတယ်။ တင်စားပြောရရင် ၁ကျပ် ကို ၂ကျပ် ဖြစ်အောင် သုံးနိုင်မယ် လူတယောက်ဟာ ကိုယ့်ဘဝအတွက် ကိုယ်တိုင် အလုပ်သမား ဖြစ်ခွင့်ရတာဟာ တရားတဲ့ လူ့ အခွင့်အရေးပဲ။ ရဲတယ် မဟုတ်လား မြန်မာ...

((( ချောင်းကူးတံတားပေါ်ရောက်ရင် )))

((( ချောင်းကူးတံတားပေါ်ရောက်ရင် ))) ချောင်းကမ်းနားမှာ ပေါက်တဲ့သစ်ပင်ဟာ သမိုင်းကတောင်းဆို လိုအပ်လို့ လူတို့ကူးဖို့ တံတား ဖြစ်သွားတယ်... အနာဂတ်နေ့ကို မင်းတို့ လျှောက်ရန် လည်စင်းလို့ခံသွားတဲ့ သစ်ပင်တွေအား တံတားပေါ်ကနေ သေးကော့မပန်းကြပါနဲ့။ ။ သုအိုင်စံ ၁၃-၀၅-၂၀၁၅

((( ပေါက်ပြဲနေတဲ့အလယ်လမ်း )))

((( ပေါက်ပြဲနေတဲ့အလယ်လမ်း ))) ဘရာဇီးကို သွားနေတာပါ အခု-ဂျပန်လေဆိပ်မှာ ငွေ ၁၀ပေါင်ကို ကိုင် တပည့်တော် ဗိုက် အရမ်းဆာ၍ ငိုင်နေပြီ ဦးတည်လမ်းကြောင်းကို အင်္ဂလန်သို့-- ပြောင်းရမလား ဘုရား လေယာဉ်ပျက်လို့ လေထီးထွင်ထားတာလေ လေ့မကျင့်ဘူးလား...ငါ့သားရာ.. ငွေလဲကောင်တာကို သွားပေါ့... ခက်ပြီ.. အဲဒါကြောင့် ပြောတာ ငါ ပြောတာက (ငါ့သားရာ)...လို့ မင်းကြားတာက (ငါ့နွားရာ)...လို့ မှားနေတာ ကြားနေရာပဲ အမှားကို မပစ်ရင်လည်း မချစ်ချင်ကြနဲ့ ဘုရားကို မချစ်ရင်လည်း အပစ်မတင်ကြနဲ့ တံတားအကျိုးဟာ ဖြတ်သွားလို့မရဘူး ဟဲ့ရောင် ခါးအကျိုးဟာ မတ်ထားလို့ မရဘူး ဟဲ့ရောင် ဘုရားမစွမ်းတဲ့အခါ မအားတဲ့အခါ-- လိုနေတာတလျှောက်မှာ ခင်ဗျားလှမ်းခဲ့ပါ ခင်ဗျားသွားခဲ့ပါ-- ဟိုနေရာအရောက်သာ တံတားအကျိုးအား အားမကိုးသွားဖို့တော့-- လိုအပ်မယ်။   ။ သုနိုင်ငံ ၀၇-၀၁-၂၀၁၆

((( SANITARIUM (ယင်းသိပ်ရိပ်သာ) )))

((( SANITARIUM (ယင်းသိပ်ရိပ်သာ) ))) ဘိန်းကို အကြောထဲ၊ လိုအပ်တဲ့နှုန်းပမာဏ မထိုးထည့်ပဲ နေကြည့် လူဟာ လုံးဝ နေမထိ ထိုင်မထိ၊ ရှိနေပေမဲ့ မရှိတော့ဘူး။ ဘိန်းကို အကြောထဲ၊ လိုတဲ့ ပမာဏထက် ပို၊ ခပ်များများထိုးထည့်ပစ်လိုက် လူဟာ မိုက်ခနဲဖြစ်၊ ဦးနှောက်ကို ဆင့်ဆောင့်၊ ထောက်ခနဲသေတယ်။ ဒီတော့ကာ လူနဲ့ လူ့ဖြစ်တည်မှုဘဝဆိုတာ လူရဲ့ကိုယ်ခံအား ဘယ်လောက်များများရှိလဲ ဘိန်းရဲ့ပြင်းအား ဘယ်လောက်များများရှိလဲ အမြဲပဲ သေချာအောင် စစ်ဆေးနေရတဲ့ ဘိန်းစားနဲ့ ဘိန်းသုံးစွဲခြင်း သီအိုရီပဲ လူ့ဒုက္ခဘေးတွေဆိုတာကလည်း သွေးဟစ်ငိုယို အသဲထဲက ခေါ်ဆွဲနေတဲ့ ဘိန်းယင်းလိုပဲ ခွဲမရ သူ့အချိန်ကျပြီဆို ထ ထ ပြသနာရှာမယ်။ လူဟာ ကြိုးတန်းပေါ် လမ်းလျှောက်ရပါသည် ဟိုဘက်ကမ်းဆီကို ရောက်ဖို့ မရောက်ဖို့ ရည်ရွယ်ခဲ့ကြလို့လား OverDose အလောင်းများ ပြည့်နှက်နေတဲ့ လမ်းတစ်ဝက်ပေါ်က လမ်းကိုယ်တိုင်ဟာလည်း လူလိုပဲ ယင်းထ အစွဲအလမ်းပို တမ်းတနေနိုင်တာပဲ နေရေးများ ပို ရွှင်လန်းလျှက် တက်ကြွရန် သေဆေးများကို တမင် နမ်းဖက်ခဲ့ကြရပြန်တယ် လက်ရှိ လိုအပ်ချက်ချည်း သက်သက်နဲ့နေနည်းဟာ ဘဝရေစီးနက်နက်ထဲက လှိုင်းကြက်ခွက်တွေလိုပဲ ရုတ်တရက် ထ ပွက်ပြီး ရုတ်တရက် စ ပျက်စီးတယ် စ စီးပေမဲ့ မပြီးခြင...

((( ယုံကြည်ခြင်း )))

((( ယုံကြည်ခြင်း ))) ဗိုင်းရပ်စ် တစ်ကောင်ဟာ အရပ်ရှိလား အတောင်ရှိလား အလှရှိလား အရောင်ရှိလား အစရှိလား အဆုံးရှိလား ဘဝရှိလား နှုန်းရှိလား ကိုယ်ရှိလား စိတ်ရှိလား ဂျိုရှိလား အဆိပ်ရှိလား။ ဗိုင်းရပ်စ်တစ်ကောင်ကို ဗိုင်းရပ်စ်တစ်ကောင်လို့ပဲ မှတ်ထားလိုက်ပါ ကိုယ့်ကွန်ပြူတာကို ဖျက်မဲ့ကောင်ပေါ့။ အဓိပ္ပါယ်ဆိုတာ အဆိပ်စပ်နည်းလည်း ဖြစ်နိုင်သလို အဆိပ်သတ်နည်းလည်း ဖြစ်နိုင်တာပဲ ဒီခေတ်ထဲမှာ၊ ဒီစစ်ပွဲမှာ၊ ထိမှန်မှ ထပ်ကွဲ ဖြစ်ပေါ်တဲ့ ကျည်ဆံတွေချည်းပဲ ခင်ဗျားမှာလည်း မသိပဲ ကိုးကွယ်လိုက်ရတဲ့ ဘုရားတစ်ပါး ရှိနေတယ် ဟား ဟား ဟား။   ။ သုအိုင်စံ ၁၈-၀၁-၁၃

((( ဒွိအသိ )))

((( ဒွိအသိ ))) သိပ္ပံရုံထဲက ခုန်ထွက်လာတဲ့ နေတစ်စင်း မသေမချင်း လင်းမယ် စိတ်ဈာန်ဘုံထဲက ခုန်ထွက်လာတဲ့ နေတစ်စင်း မသေမချင်း လင်းမယ် လူ့ဦးနှောက်ထဲရောက်တော့ တစ်လုံးက နေမှောင် တစ်လုံးက နေလင်း ဖြေရှင်းမရတဲ့ ဒွိညီမျှခြင်းကဝေ လူသည် အလျှော့အတင်းကို ချော့ရင်းနဲ့ စစ်ချီ လူသည် ကျော့ကွင်းကို ဆော့ရင်းနဲ့ ဖြစ်တည် တောင်ပံတစ်ကောင်၏ခရီးကား ထောင်စံ ထောင်ဝိနည်းများ နှင့်အညီ ဤသုံညဘုံအတိကား ချီတုံချတုံအသိတရားတို့နှင့် ပြီး၏။   ။ သုအိုင်စံ ၀၉-၀၉-၂၀၁၂

((( လူလည် )))

((( လူလည် ))) ခြေ ၂ ခြောင်းနဲ့ ရပ်ကြည့်တယ်၊ သွားကြည့်တယ် ရတယ် ဘီး ၂ လုံးနဲ့၊ တီထွင်ကြည့်တယ် ရပ်ကြည့်တယ်၊ သွားကြည့်တယ် ရတယ် ပိုကောင်းအောင် ဘီး ၄ လုံးနဲ့၊ တီထွင်ကြည့်တယ် ရပ်ကြည့်တယ်၊ သွားကြည့်တယ် ရတယ် ပိုကောင်းအောင် ခြေ ၄ ခြောင်းနဲ့၊ မတီထွင်ကြည့်ဘူး မရပ်ကြည့်ဘူး၊ မသွားကြည့်ဘူး ငြင်းတယ် သူများကို နွားလိုခိုင်းစားပြီး ကိုယ်က နွားလို ရုန်းရမှာ သိပ် ကြောက်တဲ့ လူလည် ကမ္ဘာကို ဒိုင်ကိုင်နေတယ်။   ။ သုအိုင်စံ ၂၉-၀၃-၂၀၁၃

((( ဂုတ်သွေး )))

((( ဂုတ်သွေး ))) ခိုင်းနွားတို့ဟာ ခိုင်းစားလို့ မရတော့တဲ့အခါ သူ့ အတွက် အမဲသား ဖြစ်လာ သိပ်တော်တဲ့ လူ့ရဲ့မေတ္တာ။ ။ သုနိုင်ငံ ၁၂--၀၁-၂၁၀၆

((( ရာနှုန်းပြည့် )))

((( ရာနှုန်းပြည့် ))) တရား မကြုံသေးလို့ တရားဘုံကို သိပ်လှမ်းတယ် ဝေဟင်နှင့်တူ၏ အမှား မကုန်သေးလို့ အမှားဇုံကို သိပ်ကျွမ်းတယ် မြေပြင်နှင့်တူ၏ လူသားသည် ဝေဟင်မှာ မဖြတ်သန်းနိုင်ပါ လူသားသည် မြေပြင်မှာ ရပ်စွမ်းနိုင်ပါသည် တရားလွဲပြီး အမှားမြဲ၏။   ။ သုအိုင်စံ ၁၆-၀၉-၂၀၁၂

((( တံတွေး )))

((( တံတွေး ))) ဟစ်တလာ မဖြစ်ခင်က သူ့ပန်းချီ လူနည်းနည်း သိတယ် သူ့အနုပညာ နည်းနည်း အောင်မြင်တယ် ဟစ်တလာ ဖြစ်လာပြီးနောက် သူ့ပန်းချီ လူ လုံးဝ မသိတော့ဘူး သူ့အနုပညာ လုံးဝ ကျဆုံးတယ် တစ်ကမ္ဘာလုံးဆိုတဲ့ ဂျူးအုပ်ကြီးက ဟစ်တလာဆိုတဲ့ အနုပညာတစ်ခုကို ဝိုင်းရိုက်သတ်လိုက်ကြတယ် မဟုတ်လား ခင်ဗျားတို့ပဲ ဤ ကို ကျွဲ လုပ်ချလိုက်တာလေ လူတွေဟာ တချိန်ချိန်မှာ ကိုယ့်တံတွေးကိုယ် ပြန်မျိုချခဲ့ဖူးပါရင် ဟစ်တလာလို ကိုယ့်ကိုယ်ကိုယ် သတ်သေသွားသင့်တယ်လို့ ကျနော်တို့ မတွေးမြင်မိကြဘူးလား... ဟား ဟား ဟား...။   ။ သုအိုင်စံ--- ၂၀၁၂

((( စာသားတွေ ထပ်ပိုလာခဲ့တယ်... )))

((( စာသားတွေ ထပ်ပိုလာခဲ့တယ်... ))) ၁၉၈၈ ကောင်လေး က ၁၆ နှစ် ကောင်မလေးက ၁၆နှစ် ပြည်တွင်းစစ်ကြောင့် ပွင့်တဲ့ လူငယ်သူပုန် ဒေါနပေါ်မှာ ဒေါင်းအလံခြုံ ဖူး ငုံ ပွင့် ရှင်သန်တယ်။ ဒီအချစ်ဟာ သံလွင်ဘာသာနဲ့ရေးတဲ့ာ တော်လှန်ကဗျာ ဖြစ်တယ် ဒီအချစ်ဟာ သောင်ရင်းသံစဉ်နဲ့ ဖွဲ့တဲ့ တော်လှန်သီချင်း ဖြစ်တယ် ဒီအချစ်က တောရိုင်းသဇင်အုပ်တွေလို ဖွေးထွေးနုငယ် ဒီပြည်တွင်းစစ်ကြီးက ရာဇဝင်ဆိုးခ ကြီးထွားခါးသီးရင့်ကျယ်...။ မြစ်ရေကျချိန်မှာတောင် ဒဏ်ရာတွေက ရေမတိမ်နိုင်သေးဘူး ကမ်းပါးတွေ အရမ်းခြားလွန်းတာကို ပဲ တေးလုပ် လုပ် ဆိုနေခဲ့ရ ပရဟိတမြစ်ဆိုတာ အတ္တဟန်နဲ့ စီးချင်တိုင်း လည်း စီးမရပါ ဒီ ပြည်တွင်းစစ်ထဲမှာပဲ အချစ်စစ်ကြောင်းက ဆက်သွယ်ရေး ပြတ်တောက်သွားတယ်။ ကိုယ့်ဘဝအီကွေးမင့်ကို ကိုယ့်ကိုယ်မှာပတ် ကိုယ့်ယုံကြည်ချက်သေနတ်ကို ကိုယ်ထမ်း ကိုယ့်တော်လှန်းလမ်းထက်မှာ ကိုယ်စီ ချီတက်သွားတယ် ကောင်လေးက တနေရာ... ကောင်မလေးက တပြည်ကွာ...။ ဒီချစ်ခြင်းဟာ ဘယ်ခေတ်အတွင်းမှာမှ မကျဆုံးခဲ့ဘူး ဒီချစ်ခြင်းဟာ ရေရှည်တော်လှန်ရေးမှာ မူးနစ်ကူးခပ် ဒီချစ်ခြင်းဟာ ရဲရဲရင့်ရင့်တောင့်ခံ ရေရှည်ပြာဖုံးမြဲ ဒီနှလုံးသားအကွဲတွေကို ဘဝတွေထဲ တွဲလောင်းဆွဲလို့ သက်တမ်းတို့ ကြီးရင့် အခ...

((( ခေါင်းဆောင်များ )))

((( ခေါင်းဆောင်များ ))) ဒီပွဲမှာ--- အစားခံရမဲ့အကွက်က ၁၂ ကွက်တောင် ရွှေ့ရမှာဗျ ကျနော့်မှာက ရဲဘော်ပွန်း ၈ ကောင်ပဲ ရှိတယ်လေ (ဒါများကွာ..ပါဝါတွေ ချရင်းလိုက်ပေါ့) မရဘူးဗျ အဲဒီကောင်တွေက ခေါင်းဆောင်ငကြောက်တွေ...။ (ရွှေ့ကွာ...အစားခံရမဲ့အကွက်...စ ဉ်းစားမနေနဲ့...) မဟုတ်ဘူး ဒီကိစ္စပြီးရင် နှစ်ဆပြန်စားနိုင်ဖို့  ပိုစဉ်းစားရမယ်ဗျ အခု ကျနော် စဉ်းစားနေတာက ဘုရင်သေလို့ တိုင်းပြည်မပျက်ရင် ဘုရင်ကို ချကျွေးပစ်လိုက်ရင် ကောင်းမလားလို့ ပြည်သူတွေကတော့ ကောင်းစားသွားမယ်လေ....။ (မင်းဟာက ဘုရင်ကိုယ်တိုင် သူ့ကိုယ်သူ ကိုင်ရွှေ့ရမဲ့အကွက်ကြီး သိပ်ပြီး အိမ်မက်ဆန်လွန်းတယ်...။) စစ်တုရင်လောကမှာ အဲဒီအကွက်က တကယ်ပြောင်မြောက်ပေမဲ့ လူ့လောကမှာ အဲဒီအကွက်က ကွယ်ပျောက်နေလျှက်ပဲ မရင်းရဲတဲ့အကြောက်တရား၊ အဖွဲ့အစည်းတစ်ခုရဲ့ အရာရာကို နန်းသိမ်းထားတယ်။   ။ သုအိုင်စံ ၂၉-၀၁-၁၃