Posts

((( တန်ဖိုး )))

((( တန်ဖိုး ))) ရေအောက်မှာ ကြာကြာ အသက်မရှူ နိုင်တာ လူဟာ ကံကောင်းတယ် ငါးတွေလို သတ်စား မခံရတော့ဘူးပေါ့ လေစီကြောင်းထဲမှာ လက်မောင်းနဲ့ မပျံခတ်နိုင်တာ လူဟာ ကံကောင်းတယ် ငှက်တွေလို ပစ်ချစား မခံရတော့ဘူးပေါ့ ပုရွက်ဆိတ်တွေလောက် မငယ်တာ လူဟာ ကံကောင်းတယ် ရေပူနဲ့ အလွယ် လောင်းသတ် မခံရတော့ဘူးပေါ့ ဆင်တွေလောက် မကြီးတာ လူဟာ ကံကောင်းတယ် ထမင်း ဟင်း စားရိတ် သိပ် မကုန်တော့ဘူးပေါ့ လူဟာ လူ့အရည်အချင်းလောက် တော်တာ ကံဆိုးတယ် တစ်ချက် ရိုက်ရင် တစ်ယောက် သေနိုင်တယ် တစ်ကွက် ကောက်ကျစ်ရင် တစ်ဘဝ ပျက်နိုင်တယ် ပိုဆိုးတာက သမ္မတက သူတောင်းစားကို တစ်ချက် ရိုက်ရင် ဖြစ်နိုင်ပြီး သမ္မတကို သူတောင်းစားက တစ်ကွက် ကောက်ကျစ်ရင် မဖြစ်နိုင်တာ သမ္မတက တစ်ယောက်၊ သူတောင်းစားက တစ်ထောင် ဖြစ်နေလို့လား သူတောင်းစားလည်း တစ်မဲ ထည့်ရ၊ သမ္မတလည်း တစ်မဲ ထည့်ရရင် သူတောင်းစားဟာ သမ္မတ ဖြစ်လာနိုင်ပြီပဲ (ဒီစဉ်းစားချက် လွဲတာများသည်) အများညီ ဒီမိုကရေစီတိုင်းလည်း စောက်ချင် မဟုတ်ပါလေ ကံဆိုးပေမဲ့ တန်ဘိုးတွေမမဲ့တဲ့ စိတ်ရင်းမှန်တွေ...

((( တံလျှပ် )))

((( တံလျှပ် ))) ဖဲ ၂ ရွက် ပေါင်းကြည့် ဘယ်နှပွင့်ရှိ--- ဆိုတာမျိုးပေါ့ ဘဝကတော့ တကယ့်ကို ရိုးရိုး လွယ်လွယ်လေးပါ ဖဲ ၃ ရွက် ပေါင်းကြည့် ဘယ်နှပွင့်ရှိ--- ဆိုတာမျိုးပေါ့ ဘဝကတော့ တကယ့်ကို ရိုးရိုး လွယ်လွယ်လေးပါ ရှုပ်ထွေးခက်ခဲနေတာက ဘယ်ဖဲ အတက်မှာ ဘယ်လို လောင်းလိုက်တယ် ဘယ်ဖဲ အထမှာ ဘယ်လောက် လောင်းလိုက်တယ် ဘယ် အခြေအနေမှာ ဘယ် လောက်လောင်းလိုက်လို့ မနေ့ကတို့ကို ဘယ်လောက် ကာမိပြီးတော့ မနက်ဖြန်တို့ကို ဘယ်လောက် အမြတ်ကျန်တာဟေ့ ဒီနေ့ကို လိုက်မလား ပြေးမလား ပြေးရဲတာလည်း သတ္တိ ဖြစ်တယ် ဒီနေ့ကို ဆွဲမလား ပစ်မလား လိုက်ရဲတာလည်း သတ္တိ ဖြစ်တယ် ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ သူလည်း ၇ ကွက်နဲ့ လူဖြစ်လာ ဥာဏ်တွေမာယာတွေနဲ့ ကစား ကိုယ်လည်း ၇ကွက်နဲ့ လူဖြစ်လာ ဥာဏ်တွေမာယာတွေနဲ့ ကစား တခါတခါ မပေါမရှား ဆောင့်တက်ခဲ့ ဖဲ၂ ရွက်နဲ့ Black Jack ဖြစ်သွားပြန် အဲဒီ ကံ ဆိုတာ မျက်နှာ မလိုက်တတ်ပါ ကံ ဟာ မျက်နှာပြောင် မတိုက်တတ်ပါ ဖဲသမားဟာ ဖဲရိုက်တတ်ဖို့သာ လိုတယ် ဆွဲဖဲတိုင်းသာ လွဲနေမယ်ဆို ကိုယ်...

((( မြေညီထပ်မှာ၊ အရင်လိုပဲ၊ အရင်းအတိုင်း၊ ဗလုံးဗထွးဝေဝါး၊ ဂစ်တာတီးထားမယ်၊ ဘဝကို။ )))

((( မြေညီထပ်မှာ၊ အရင်လိုပဲ၊ အရင်းအတိုင်း၊ ဗလုံးဗထွးဝေဝါး၊ ဂစ်တာတီးထားမယ်၊ ဘဝကို။ ))) အပေါ်ထပ်မှာ အဖြူစင်ဆုံး အရောင်လှိုင်းထုထည်နဲ့ အလင်းနံရံတံတိုင်းတစ်ခုရဲ့အလည် မှာ ရုပ်မဲ့နာမ်မဲ့သဏ္ဍာန်ဂီတသံစဉ်များ လူရဲ့ ညာဖက် နားနဲ့ နားဆင်နေရတယ် မြေညီထပ်မှာ အဝေဝါးဆုံး အရောင်လှိုင်းထုထည်နဲ့ တံလျှပ်နံရံတံတိုင်းတစ်ခုရဲ့ အလည်မှာ လူအသွင်သဏ္ဍာန်ဂီတသံစဉ်များ လူရဲ့ ရင်ခုန်သံပါးပါးနဲ့ နားဆင်နေရတယ် အောက်ထပ်မှာ အမဲနက်ဆုံး အရောင်လှိုင်းထုထည်နဲ့ အမှောင်နံရံတံတိုင်းတစ်ခုရဲ့ အလည်မှာ ငရဲတိရိစ္ဆာန်ဟန်ဂီတသံစဉ်များ လူရဲ့ ဘယ်ဖက် နားနဲ့ နားဆင်နေရတယ် လူသားကို လာရောက်ပတ်သက်တဲ့ ဂီတသံစဉ်ဟာ ညာဖက် နားက ဝင်ပြီး ဘယ်ဖက် နားက ထွက်သွားရင် လူသားကို လာရောက်ပတ်သက်တဲ့ ဂီတသံစဉ်ဟာ ဘယ်ဖက် နားက ဝင်ပြီး ညာဖက် နားက ထွက်သွားရင် ရင်ခုန်သံပါးပါးနဲ့ နားဆင်နေတဲ့ ဂီတသံစဉ်အရင်းဓမ္မဟာ ဒီဘဝထံတွင် ငြင်းမရစွာ ရေသောက်မြစ်တည် ကျန်တယ် အဝေဝါးဆုံးရဲ့တံလျှပ်နံရံတံတို င်းတစ်ခုရဲ့အလည်မှာ တီးလုံးတိုင်းဟာ ယောင်ချာချာ လည်စွာ အသံပြု ထွက် ထွက်ပေါက်မဲ့မှုအသိနဲ့ ဖျက်ဖောက်ထွက်မှု မရှိတဲ့ မာန်ဟာ မြေညီထပ်မှာ လူရဲ့ ရင်ခုန်သံပေါ် ပြန် ပြုတ်ကျသွားတယ် မြေညီထပ်မှာ လူရဲ့ နှလုံးခုန...

((( လက်နက်တိုက်ထဲကကျည်ဆံတွေ )))

((( လက်နက်တိုက်ထဲကကျည်ဆံတွေ ))) စ ဝင်ဝင်ချင်းမှာ အသက်ကိုလျှော့ကာ စာရင်းပေးပြီး စစ်တပ်ထဲဝင်လာတာ အရွယ်မရောက် ကလေးစစ်သားပါ ဒီအတွက် လစာ ပိုရမယ် ထင်လားဗျာ အသက်က အတော်လေး ပိုနေပြီ အိုဆွေး တပ်ကထွက်ကာ ပင်စငကို သူ- မယူသေး အရွယ်အိုမင်းလွန်တဲ့ လူကြီး စစ်သားဟာ ဒီအတွက် လစာ ပိုရမယ် ထင်လားဗျာ သေနတ်တစ်လက်ရဲ့ အမှန်အကန် ခံယူထားမှုနဲ့ တိုင်းပြု ပြည်ပြုတဲ့  ခံယူကြိုးပမ်းကြိုးစားချက်ဟာ မိခင်ရဲ့ ရင်ခွင်ကို ထိမှန်ပြီး ဖခင်ရဲ့ နှဖူးကို ဖောက်ခွင်းထွက် မသွားခဲ့ဖူးရင် အရွယ်မရောက် ကလေးစစ်သားရော အရွယ်အိုမင်းလွန် လူကြီးစစ်သားပါ လစာ တကယ် ပိုရသင့်ပါရဲ့... ဒါပေမဲ့ သေနတ်ဟာ ရန်သူ့ကိုပဲ မှန်အောင် ပစ်သင့်ပါတယ် သေနတ်တစ်လက်ရဲ့ အမှန်အကန် ခံယူထားမှုနဲ့ တိုင်းပြု ပြည်ပြုတဲ့  ခံယူကြိုးပမ်းကြိုးစားချက်ဟာ မိခင်ရဲ့ ရင်ခွင်ကို ထိမှန်ပြီး ဖခင်ရဲ့ နှဖူးကို ဖောက်ခွင်းထွက် သွားခဲ့ဖူးရင် အရွယ်မရောက် ကလေးစစ်သားရော အရွယ်အိုလွန် လူကြီးစစ်သားပါ လစာတော့ တကယ် ပိုရသင့်ပါရဲ့... ဒါပေမဲ့ သေနတ်ဟာ ကိုယ့်နားထင် ကိုယ် ပြန်ပစ်သင့်ပါတယ် မနှစ်သက်ထိုက်တဲ့ ရမ်းသုံးစစ်သုံး လူသိက္ခာဟာ အရှက်မဲ့ပြီး အမုန်းပိုက် ထပ်လဲသေခဲ့ စစ်ထွက်တိုက်တဲ့ စခန်းကုန်းအမြ...

((( မြန်မာဟိုက္ကု-၁၅၀၀ )))

((( မြန်မာဟိုက္ကု-၁၅၀၀ ))) - ချစ်လွန်းလာခဲ့သမျှဟာ ဖြစ်ထွန်းလာခဲ့ကြတာ ညစ်တွန်းကဗျာပျက်တစသာ။ ။ - သုအိုင်စံ ၂၈-၁၂-၂၀၁၇

((( လူ၊ ရယ်ဒီမိတ်များနှင့်.....ဖြစ်တည်မှု )))

((( လူ၊ ရယ်ဒီမိတ်များနှင့်.....ဖြစ်တည် မှု ))) သို့.....လောကကြီး ကျွန်ပ် (လူသားလောင်းလေး) မှ အောက်ပါ ပစ္စည်းများကို ဝယ်ယူအသုံးပြုလိုပါသဖြင့် စနစ်တကျစီစဉ်ပေးထားပါ။ မကြာခင် ဘဝတစ်ခုနှင့် လာရောက်ပေးချေ လက်ခံယူပါမည်။ (၁) အသင့်ပြင်ထားတဲ့ လေထုခပ်သန့်သန့် (၂) အသင့်ပြင်ထားတဲ့ မိခင်နို့ရည် (၃) အသင့်ပြင်ထားတဲ့ အမည်နာမတစ်ခု (၄) အသင့်ပြင်ထားတဲ့ အမှန်တရား* (၅) အသင့်ပြင်ထားတဲ့ အထင်သေးမှု (၆) အသင့်ပြင်ထားတဲ့ အတင်းအဖျင်း (၇) အသင့်ပြင်ထားတဲ့ ပြည်သူပိုင်တံတွေးခွက် (၈) အသင့်ပြင်ထားတဲ့ ငြိမ်းချမ်းရေးစစ်စစ်* (၉) အသင့်ပြင်ထားတဲ့ အကြင်နာတရား* (၁၀) အသင့်ပြင်ထားတဲ့ အပြန်အလှန်လေးစားဆက်ဆံမှု* (၁၁) အသင့်ပြင်ထားတဲ့ သင်ရိုးညွှန်းတမ်း (၁၂) အသင့်ပြင်ထားတဲ့ ကောင်မလေးနှုပ်ခမ်း (၁၃) အသင့်ပြင်ထားတဲ့ ရွေးချယ်ခွင့် (၁၄) အသင့်ပြင်ထားတဲ့ လွပ်လပ်မှု* (၁၅) အသင့်ပြင်ထားတဲ့ ဥပဒေ (၁၆) အသင့်ပြင်ထားတဲ့ လောဘနဲ့အတ္တ (၁၇) အသင့်ပြင်ထားတဲ့ စော်ကားမှု (၁၈) အသင့်ပြင်ထားတဲ့ သစ္စာများ (၁၉) အသင့်ပြင်ထားတဲ့ ယုံကြည်ချက်များ* (၂၀) အသင့်ပြင်ထားတဲ့ ကမောက်ကမများ (၂၁) အသင့်ပြင်ထားတဲ့ ချစ်ခြင်းမုန်းခြင်းများ (၂၂) အသင့်ပြင်ထားတ...

OVERDOSE

OVERDOSE   ကြိုးမဲ့စွန်လို တိုးတက်လွန်သွားတယ် ကြောင်ဟာကြောင်လို မကျတော့ဘူး တောင်ဟာတောင်လို မမတ်တော့ဘူး ထောင်ဟာထောင်လို မကျပ်တော့ဘူး အမှောင်ဟာအမှောင်လို မကြွတော့ဘူး သွေးပြွန်ထဲ ဆေးလွန်ကဲခဲ့ အတွေးလွန်ရဲတဲ့ဒဿနနဲ့ ကျေးကျွန်မွဲတွေဘဝ ဘေးလွန်လဲသေကြတယ်။   ။ သုအိုင်စံ ၂၁-၀၉-၂၀၁၂

ပြတ်သွားတဲ့ညာခြေထောက် ခုန်ပေါက်ခုန်ပေါက် လျှောက်နေဆဲပဲ

ပြတ်သွားတဲ့ညာခြေထောက် ခုန်ပေါက်ခုန်ပေါက် လျှောက်နေဆဲပဲ   ထောက်ပို့ရုံးကနေ ခွဲတမ်း စစ်ဖိနပ်တစ်ရံ ခြောက်လတစ်ခါ အမြဲတမ်း ပုံမှန်လာထုတ်တယ် ဘယ်ဖက်ဖိနပ်ကို ဘယ်ခြေထောက်မှာ ချည်နှောင်စီးပြီး ညာဖက်ဖိနပ်ကို ဘားတိုက်ထောင့်မှာ သိမ်းဆည်းလိုက်တယ် ၁၀နှစ်ကြာပြီးတဲ့အခါ ညာဖက်ဖိနပ် ၂၀ဟာ အားလုံးပကတိအတိုင်း မပျောက်မပျက် ဘယ်ဖက်ဖိနပ် ၂၀ဟာ အားလုံးပဲမရှိတော့ ပျောက်ပျက်ခဲ့တယ် သီအိုရီအရ၊ ပုံသေနည်းအရ၊ လောဂျစ်အရ၊ ရှိနေတဲ့ ဘယ်ခြေထောက်ဟာ ရှိနေတဲ့ ညာဖိနပ် ၂၀ကို စီးလို့မရဘူး သီအိုရီအရ၊ ပုံသေနည်းအရ၊ လောဂျစ်အရ၊ မရှိတော့တဲ့ ညာခြေထောက်ဟာ မရှိတော့တဲ့ ဘယ်ဖိနပ် ၂၀ကိုစီးလို့ရတယ်၊ ဘာကြောင့်လဲ ပေးဆပ်ခြင်းဟာ မြင့်မြတ်ခြင်းပဲ ပျက်ယွင်း/ မရှိတော့ခြင်းမှာအခြေခံ၊  ဖြစ်တည်/ ရှိနေခြင်းနဲ့မှန်နေတယ်၊ အဲဒါဟာ အသိအမြင်ကို ဖော်စပ်ထားတဲ့ ခေါင်းစဉ်စစ်ရဲ့သစ္စာအလင်းပဲ ဝိညာဉ်ကို မှော်ခတ်ထားတဲ့ ကောင်းကင်သစ်ရဲ့စစ်ကဗျာသီချင်း ပဲ စစ်သားခြေထောက်တစ်ဖက်နဲ့ ဆင့်ပွားမွှေနှောက်ခဲ့တဲ့ ဒီကဗျာကို "အာဇာနည်" လို့ အမည်ဝိုင်းပေးခဲ့ပေမဲ့ "အညတရ" လို့ပဲ ကျော်ကြားခဲ့ပါတယ် ညာဂျိုင်းထောက်တစ်ခုနဲ့ လျှောက်သွားတဲ့ခရီးမှာ ရ...

ယုံကြည်ခြင်း

ယုံကြည်ခြင်း   ဗိုင်းရပ်စ် တစ်ကောင်ဟာ အရပ်ရှိလား အတောင်ရှိလား အလှရှိလား အရောင်ရှိလား အစရှိလား အဆုံးရှိလား ဘဝရှိလား နှုန်းရှိလား ကိုယ်ရှိလား စိတ်ရှိလား ဂျိုရှိလား အဆိပ်ရှိလား။ ဗိုင်းရပ်စ်တစ်ကောင်ကို ဗိုင်းရပ်စ်တစ်ကောင်လို့ပဲ မှတ်ထားလိုက်ပါ ကိုယ့်ကွန်ပြူတာကို ဖျက်မဲ့ကောင်ပေါ့။ အဓိပ္ပါယ်ဆိုတာ အဆိပ်စပ်နည်းလည်း ဖြစ်နိုင်သလို အဆိပ်သတ်နည်းလည်း ဖြစ်နိုင်တာပဲ ဒီခေတ်ထဲမှာ၊ ဒီစစ်ပွဲမှာ၊ ထိမှန်မှ ထပ်ကွဲ ဖြစ်ပေါ်တဲ့ ကျည်ဆံတွေချည်းပဲ ခင်ဗျားမှာလည်း မသိပဲ ကိုးကွယ်လိုက်ရတဲ့ ဘုရားတစ်ပါး ရှိနေတယ် ဟား ဟား ဟား။   ။ သုအိုင်စံ ၁၈-၀၁-၁၃

"အမင်္ဂလာ"ပန်းချီကား... "Oil on canvas "live size"" ..."လူသား" လို့ ဆိုင်းထိုးထားတယ်

"အမင်္ဂလာ"ပန်းချီကား... "Oil on canvas "live size"" ..."လူသား" လို့ ဆိုင်းထိုးထားတယ် ငါ့အတောင်ပံ တစ်ချက်ခပ်လိုက်တဲ့ အခါ လျှပ်စစ်လို180° နဲ့ ပြေးနေတဲ့ ကျည်ဆံဟာ တုံ့ကနဲရပ် 90° နဲ့ အောက်ပြုတ်ကျသွားတယ် ငါ့အတောင်ပံ တစ်ချက်ခပ်လိုက်တဲ့ အခါ ကျပြီးပေါက်ကွဲတော့မဲ့ အမြှောက်ဗုံးသီးဟာ ကျပေမဲ့ မပေါက်ကွဲတော့ဘူး ငါ့အတောင်ပံ တစ်ချက်ခပ်လိုက်တဲ့ အခါ ဘုရား၂ပါးကြားမှာ စကားများထားသော ပြဿနာဟာ တအားရှားပါးစွာ သားနားသော ဓမ္မကဗျာ ဖြစ်သွားတယ် ငါ့အတောင်ပံ တစ်ချက်ခပ်လိုက်တဲ့ အခါ အမုန်းနဲ့ ပြေးဖျက်လှမ်းရိုက်ကြတဲ့ လက်တွေဟာ အပြုံးနဲ့ပြေးဖက်နမ်းရှိုက် ကြကုန်တယ် ငါ့အတောင်ပံ တစ်ချက်ခပ်လိုက်တဲ့ အခါ ရန်နဲ့ငါ အတုံ့အလှည့် လောင်ကျွမ်းပြီး အစိုးမရ မီးတွေဟာ အကြံမဲ့စွာ ရုတ်တရက် ယောင်ရမ်းပြီး ကျိုးကျ မီးသေသွားတယ် ငါ့အတောင်ပံ တစ်ချက်ခပ်လိုက်တဲ့ အခါ သေနတ်တွေဟာ ပင်ကိုယ်အသိတရားကြောင့် "ငိုယိုကျည်အ" ကုန်ပြီး ဘဝတွေဟာ ပင်ကိုယ်အရှိတရားကြောင့် "ပို ပို ကြည်မြ" ကုန်တယ် ငါ့အတောင်ပံ တစ်ချက်ခပ်လိုက်တဲ့ အခါ ဘာလင် တံတိုင်းကြီးလည်း ပြိုဆင်းကြွေသွားခဲ့တယ် မဟာဘုရ...

(((ကဗျာဟာ ၆၆%နဲ့ ၁၀၀ ဖြစ်နေခဲ့ ထူးထူးခြားခြား)))

(((ကဗျာဟာ ၆၆%နဲ့ ၁၀၀ ဖြစ်နေခဲ့ ထူးထူးခြားခြား))) တခုခုရဲ့ အတွေးများက ထုနဲ့ထည်နဲ့ အားပြင်းတယ် တခုခုအတွက် အရေးအသားတခုရဲ့ နယ်က တအားကျဉ်းတယ် အတွေးအားက ထွက်ပြေးခဲ့ စကြဝဠာကျယ်သည့် အညွှန်းအတိုင်း သွားရောက်ခဲ့ အရေးအသားက အထွက်နှေးလျှက် တသက်စာကဗျာနယ်၏ အဝန်းအဝိုင်းအား ဖောက်မထွက်ရဲ ကဗျာမှိုင်းထဲ နစ်သေကြ ကဗျာတိုင်းပဲ ဖြစ်နေရတယ်။ အတွေးမကောင်းတဲ့ ကဗျာဟာ ဈေးမကောင်းတဲ့ ဖာလိုပါပဲ စာကိုဖတ်ချင်သူ ရှားပြီး တဏှာဗိုလ်ကျချင်သူ များတယ် ဤသို့နှယ်... ကဗျာအကောင်းတွေဟာ ဖာအကောင်းလို ရှားခဲ့ရှာတယ်...။ ရသကို ဝတ်ပြီး ဒဿနပဲ ချွတ်ချွတ် ဒဿနကို ချွတ်ပြီး ရသပဲ ဝတ်ဝတ် ကဗျာရဲ့ ဗလဟာ အကွပ်အနားမဲ့ ရှင်းလင်းရင်ခွင်လို ကြွက်သားဟိန်းထနေလည်း ကဗျာရဲ့ အစဟာ အဝတ်အစားမဲ့ ဟင်းလင်းလွင်ပြင်လို မြက်များယိမ်းကနေလည်း ကဗျာဟာ စကားလုံး စာသားတွေ အားသုံး ရှာထားပေတဲ့ နိဗ္ဗာန်ဘုံပဲ ဒါဟာ တွေးဆချက်တွေကို ထွေးထပ်ထည့်ထားတဲ့ တရိစ္ဆာန်ရုံ မဟုတ်ဘူး စိတ်အတွင်းတွေးဆချက်ကို အရိပ်နင်း ရေးစပ်ဖွဲ့ဆိုမဲ့ စကားလုံးတွေဟာ အားလုံးသော ဘာသာစကားတွေမှာ ချို့တဲ့ အရေးအသားလို ရှားပါး အဲဒီချို့ငဲ့အရေးအသားရဲ့အားများ နဲ့အာနိသင်ကို ဆက်စည်းခြုံလျှက် ရေးဖွဲ့ပြီးရတဲ့ ကဗျာတိ...

(((စာအုပ်အမည် (ဗလာ) လို့ ခေါ်၏၊ ရေးသူ အမည်မသိ)))

(((စာအုပ်အမည် (ဗလာ) လို့ ခေါ်၏၊ ရေးသူ အမည်မသိ))) ဦးနှောက်ထဲမှာ ဘာအတွေးအခေါ်မှ မရှိ ဘာအသိတရားမှ မတင်သွင်း ဘာဗဟုသုတမှ မသိုလှောင် ဘာဂီတမှ နားမထောင် ဘာပန်းချီကားမှ မခံစား ဘာရုပ်ရှင်ကားမှ မကြည့် ဘာစာအုပ်မှ မဖတ်ထား ဘာဘာသာတရားမှ နားမလည် စာလည်း ရေးတတ်ဖတ်တတ်ရုံလေး သူ့ မွေးနယ်သုံး စကားတမျိုးပဲ ပြောတဲ့ အိုးမဲ့အိမ်မဲ့ ဂျစ်ပစီတစ်ဦးကို အင်တာဗျူးးချင်တယ် မေးခွန်း ၃ ခုပဲ မေးမယ် တခုကို တနာရီကြာ ဖြေပေးရမယ် (၁) ဘဝဟာ ဘာလဲလို့ (၂) ဘဝအပေါ် ဘယ်လို ခံစားလဲလို့ (၃) ဘဝကို ဘယ်လောက်ထိ တန်ဖိုးထားလဲလို့ ၃ နာရီကြာ သူ ဖြေဆိုထားမဲ့ သူ့ရဲ့ စကားလုံး အားလုံး သူ့ရဲ့ လှောင်ရယ်သံ အားလုံး သူရဲ့ အသက်ရှူ သံ အားလုံး သူ့ရဲ့ ရိုးသားမှု အားလုံး သူ့ရဲ့ မုသားတွေ အားလုံး သူ့ရဲ့ ရင်ခုန်နှုန်း အားလုံးကို စာအုပ်ထဲတည့်ပြီး ထုတ်ဝေမယ် လူသားအားလုံး မဖတ်ဖူးသေးတဲ့ ဒီစာအုပ်ဟာ လူသားအားလုံးပဲ မဖြစ်မနေ ဖတ်သင့်နေတဲ့ စာအုပ်ဖြစ်လာရင်တော့ လူသားအားလုံးတို့ရေ ကိုယ့်ဦးနှောက်ကိုယ် ထုရိုက်ချေပြီးပေါက်ခွဲကြဟေ့ လူ့ အမှိုက်တွေ မီးတောက်ထဲ ကပ်ရွေ့တွားဝင်သွားကြသလို တစုံတရာကို တွေ့ရှိထားခြင်း မြင်သိထားခြင်း မှန်သမျှဟာ လူ့ ရိုးစင်းခြင်း မုဒိန်းကျင့်ခံခဲ...

((( အဝေးဆုံး ပြေးသွားတဲ့ အတွေးများရဲ့ ခြေသံစဉ် )))

((( အဝေးဆုံး ပြေးသွားတဲ့ အတွေးများရဲ့ ခြေသံစဉ် ))) ဝိဇ္ဖာတန်ခိုးရဲ့ ပြတင်းက အလင်းရိပ်စွယ်ဟာ မိစ္ဆာအဆိုးရဲ့ ရင်တွင်းကို ဖိတ်စင်ကာ ပိုလျှံကျနေရဲ့ မိစ္ဆာအဆိုးက အဲဒါကိုမှ မလိုအပ်တာ ရုပ်သိမ်းပေးပါ ဘုရားသခင် သူများအလင်းနဲ့ ကိုယ်မမြင်ချင်ဘူး အနိစ္စလမ်းစဉ်ရဲ့ ဂီတက သံစဉ်လှိုင်းသွယ်စဟာ အစဉ်ထာဝရရဲ့ တံတိုင်းကို ထက်ပိုင်းကျိုးကာ လာထိမှန်နေ အစဉ်ထာဝရက အဲဒါကိုမှ မလိုအပ်တာ ရုပ်သိမ်းပေးပါ ဘုရားသခင် သူများသံစဉ်နဲ့ ကိုယ်မကြားချင်ဘူး ဟာနေကွက်အား တွေ့ထားလို့ နေပေမဲ့လည်း ဘာတွေနဲ့များ ဖြည့်သွားဖို့ အဖြေတွေမဲ့ဆဲ သောက်ရှက်နည်းတဲ့ ကိုယ်တော်ဥာဏ်မွဲ ခွင့်ပြုလိုက်တော့ ဖန်ဆင်းရှင် တန်ခိုးတော်မဟာမြတ်ရေ ခွင့်ပြုကာ စောင့်ကြည့်လိုက်ပေတော့ .... သူ၏ ခြံစည်းရိုးတို့ကမှ မခိုင်မာတာ သတ်မှတ်ချက်တို့အား ရိုက်ချိုးကြပါစို့ သူ၏ နံရံအဝန်းဝိုင်းတို့ကမှ မလုံခြုံတာ ဥပဒေသတို့အား အကုန်ဖျက်ကြပါစို့ သူ၏ သစ္စာတို့ကမှ မစောင့်ထိန်းတာ ကတိကဝတ်တို့အား ချိုးဖောက်ကြပါစို့ အဲဒီမှာ သက်ဆိုင်ရာတွေ ပတ်သက်ရာများ မှီရာတည်ရာတို့နှင့် အကံကံ၊ အကြောင်းကြောင်း၊ အခုခုတို့၏ လွပ်လပ်ခြင်းဟာ ကားတွေမှာလည်း ဘရိတ်တုံးတွေမရှိ၊ သ...

((( ဗြိတ္တာဂူသားများ )))

((( ဗြိတ္တာဂူသားများ ))) ဗုဒ္ဓက သန့်စင်ပြီးသားအာလူး ၁ အိပ်နဲ့ ကျမ်းစာ ၁ အုပ် ကို ကျောက်လှိုဏ်ဂူအလယ်ခေါင် မီးဖိုဘေးမှာ ထားပြီး ပြန်ထွက်သွားတယ် အလာဂ်က လည်လှီးပြီးသားဆိတ် ၁ ကောင်နဲ့ ကျမ်းစာ ၁ အုပ် ကို ကျောက်လှိုဏ်ဂူအလယ်ခေါင် မီးဖိုဘေးမှာ ထားပြီး ပြန်ထွက်သွားတယ် ဂျေးဆက်က (ဆား၊ ကြက်သွန်၊ မဆလာ) ၁ အိပ်နဲ့ ကျမ်းစာ ၁ အုပ် ကို ကျောက်လှိုဏ်ဂူအလယ်ခေါင် မီးဖိုဘေးမှာ ထားပြီး ပြန်ထွက်သွားတယ် ဟိန္ဒူနတ်မင်းကြီးက (ဆန်၊ ဆီ၊နွားနို့) ၁ အိပ်နဲ့ ကျမ်းစာ ၁ အုပ် ကို ကျောက်လှိုဏ်ဂူအလယ်ခေါင် မီးဖိုဘေးမှာ ထားပြီး ပြန်ထွက်သွားတယ် ဂူသားဟာ ကျောက်ကုတင်ပေါ်က ထလာပြီး မီးဖိုပေါ်မှာ အိုးတင် မီးရှို့တယ် သန့်စင်ပြီးသားအာလူး ၁ အိပ်ကို ထက်ဝက်ခြမ်းပြီး အိုးထဲကို ပစ်ထည့်တယ် လည်လှီးပြီးသားဆိတ် ၁ ကောင်ကို ခုတ်ထစ်ပိုင်းပြီး အိုးထဲကို ပစ်ထည့်တယ် (ဆား၊ ကြက်သွန်၊ မဆလာ) ၁ အိပ်ကို အခွံနွှာစိပ်ပြီး အိုးထဲကို ပစ်ထည့်တယ် (ဆန်၊ ဆီ၊နွားနို့) ၁ အိပ်ကို ဖော်မြူလာ အချိုးကျရောပြီး အိုးထဲကို ပစ်ထည့်တယ် ဟင်းချက်ထားတုန်းမှာပဲ ဂူသားဟာ ကျမ်းစာအုပ်တွေကို ကောက်ကိုင်ဖတ်တယ် ၄ မျိုးကွဲနေကာ၊ ၄ ဘာသာစကားနဲ့၊ ၄ မျိုးသော အယူအဆ၊ ဖတ်လို...

((( တံလျှပ် )))

((( တံလျှပ် ))) ဖဲ ၂ ရွက် ပေါင်းကြည့် ဘယ်နှပွင့်ရှိ--- ဆိုတာမျိုးပေါ့ ဘဝကတော့ တကယ့်ကို ရိုးရိုး လွယ်လွယ်လေးပါ ဖဲ ၃ ရွက် ပေါင်းကြည့် ဘယ်နှပွင့်ရှိ--- ဆိုတာမျိုးပေါ့ ဘဝကတော့ တကယ့်ကို ရိုးရိုး လွယ်လွယ်လေးပါ ရှုပ်ထွေးခက်ခဲနေတာက ဘယ်ဖဲ အတက်မှာ ဘယ်လို လောင်းလိုက်တယ် ဘယ်ဖဲ အထမှာ ဘယ်လောက် လောင်းလိုက်တယ် ဘယ် အခြေအနေမှာ ဘယ် လောက်လောင်းလိုက်လို့ မနေ့ကတို့ကို ဘယ်လောက် ကာမိပြီးတော့ မနက်ဖြန်တို့ကို ဘယ်လောက် အမြတ်ကျန်တာဟေ့ ဒီနေ့ကို လိုက်မလား ပြေးမလား ပြေးရဲတာလည်း သတ္တိ ဖြစ်တယ် ဒီနေ့ကို ဆွဲမလား ပစ်မလား လိုက်ရဲတာလည်း သတ္တိ ဖြစ်တယ် ၁၅ ၁၆ ၁၇ ၁၈ ၁၉ ၂၀ ၂၁ သူလည်း ၇ ကွက်နဲ့ လူဖြစ်လာ ဥာဏ်တွေမာယာတွေနဲ့ ကစား ကိုယ်လည်း ၇ကွက်နဲ့ လူဖြစ်လာ ဥာဏ်တွေမာယာတွေနဲ့ ကစား တခါတခါ မပေါမရှား ဆောင့်တက်ခဲ့ ဖဲ၂ ရွက်နဲ့ Black Jack ဖြစ်သွားပြန် အဲဒီ ကံ ဆိုတာ မျက်နှာ မလိုက်တတ်ပါ ကံ ဟာ မျက်နှာပြောင် မတိုက်တတ်ပါ ဖဲသမားဟာ ဖဲရိုက်တတ်ဖို့သာ လိုတယ် ဆွဲဖဲတိုင်းသာ လွဲနေမယ်ဆို ကိုယ်မွဲသွားတာ ကြာရောပေါ့ကွာ စောင့်ဖဲတိုင်းသာ ရောက်လာမယ်ဆို ကိုယ်နိုင်တာသွားတာ ကြာရောပေါ့ကွာ ဘာဖဲ တက်မလဲ ဆိုတဲ့ အမေးကို ဖြေဆ...

((( ပေါက်ဆီ )))

((( ပေါက်ဆီ ))) ရတနာပုံ ရတနာပုံ တရုတ်ရောင်စုံစက္ကူ နဲ့ ပတ်ခြုံထားတဲ့ ရတနာပုံ ပေါက်ဆီပုံ ပေါက်လာပြီ အလယ်သားမှာ ဝက်သားနဲ့ ဝီစကီ အလယ်သားမှာ တရုတ်နဲ့တိုင်ချီ အနားသားမှာ ကျောဗလာနဲ့ဗမာ အနားသားမှာ တောကဗျာနဲ့ဒဏ်ရာ ကျုံးရေစစ်ထဲမှာ နုံးတွေနစ်နေတာလား ကျုံးရေစစ်ထဲမှာ အရှုံးတွေနစ်နေတာလား ပေါက်ဆီရောင်းသူတွေဟာ ပေါက်ဆီ ပြန်ဝယ်မစားနိုင်ကြတော့ တစ်ယောက်စီ တစ်ယောက်စီ ထွက်သွားကြပေါ့ ဘယ်တော့ပြန်လာမလဲပေါ့ ဘယ်တော့မှ ပြန်မလာတော့ အောင်ပင်လယ်ဟိုဘက်က  တောအုပ်ဟာ ခေတ်သစ်မဲဇာအရပ်လား အဲဒီမှာ ကဗျာရေးတဲ့ ဦးဇင်းတစ်ပါး အမြဲခြင်း တရားကျင့်နေတယ်။   ။ သုအိုင်စံ ၀၃-၁၀-၂၀၁၄ (မန္တလေးသို့...ရင်နင့်အလွမ်း)

(((ကမ္ဘာ့ဗြိတ္တာ)))

(((ကမ္ဘာ့ဗြိတ္တာ))) မတိမ်းစောင်း မလွဲချော် မကျိုးပျက်သွားရအောင် ကမ္ဘာ့ဝင်ရိုးကို ထိမ်းထား ထမ်းထားရတဲ့ ဘုရားကျွန်ပုခုံးမှာ ဓမ္မကျမ်းစာဟာ အသားမာတက်ပြီး အရေပြားလောင် ကွာလို့ နေ့နဲ့ ည ကာလ ကြေးစည်သံ ဒူဝေဝေ မှန်နေ ညံနေဖို့ နာရီကို လက်ညောင်းခံ ရိုက်ပေးနေရတဲ့ ဘုရားတင်းပုမှာ ဘဝအဘိဓမ္မာဟာ အနားစုတ် အမွေးဖွာ မွစာလန်ကြဲ ပြဲလို့ ဒုက္ခထုအမှောင်ချည်းနဲ့ ဖွဲ့စည်းထားတဲ့ နေရာများနဲ့ နံရံတွေမှာ ဝဋ်တွင်းမွဲတေ မွန်းကြပ်ခြင်းမှ လွတ်ရေးအတွက် အမျှဝေသံများနဲ့ စိတ်သန့်ရှင်းသောမေတ္တာမှာ တရား ရှိပေမဲ့ မနုသလူ့ဘောင်ကြီးရဲ့ ခရီးသွားတဲ့ ခြေဟာ သွားလျှက် မြန်/မှန်နေစွာ ချွတ်ရင်းစွဲပေ စွန်းကပ်ရင်းက ဝဋ်ကြွေးဆက် ဘဝတွေထံ မကြားခဲ့ အဆိပ်ရနံ့မကင်းသောသစ္စာမှာ နား မရှိလေခဲ့ သာဓု သာဓု လုပ်ရတဲ့ ကိစ္စလေးအတွက်တောင်များ ဘာတစ်ခုမှ မလုပ်တတ်တဲ့ စိတ်ဓါတ်ဝေးတဲ့ကောင်အား အမှောင်ထဲမှာပဲ သူ့ကိုယ်သူ ပစ်ထားလိုက်ရဲ့ ကြေးစည်ကို သူ ဆက်ရိုက်နေလျှက်ပဲ ဝင်ရိုးကို သူ ဆက်ထမ်းထားလျှက်ပဲ ကမ္ဘာ့ဗြိတ္တာရဲ့ထမင်းထဲမှာ ဓမ္မမိစ္ဆာရဲ့အပင်းလည်းပါတယ်။ ။ သုအိုင်စံ ၂၆-၀၂-၂၀၁၄

((( မြေညီထပ်မှာ၊ အရင်လိုပဲ၊ အရင်းအတိုင်း၊ ဗလုံးဗထွးဝေဝါး၊ ဂစ်တာတီးထားမယ်၊ ဘဝကို။ )))

((( မြေညီထပ်မှာ၊ အရင်လိုပဲ၊ အရင်းအတိုင်း၊ ဗလုံးဗထွးဝေဝါး၊ ဂစ်တာတီးထားမယ်၊ ဘဝကို။ ))) အပေါ်ထပ်မှာ အဖြူစင်ဆုံး အရောင်လှိုင်းထုထည်နဲ့ အလင်းနံရံတံတိုင်းတစ်ခုရဲ့အလည် မှာ ရုပ်မဲ့နာမ်မဲ့သဏ္ဍာန်ဂီတသံစဉ်များ လူရဲ့ ညာဖက် နားနဲ့ နားဆင်နေရတယ် မြေညီထပ်မှာ အဝေဝါးဆုံး အရောင်လှိုင်းထုထည်နဲ့ တံလျှပ်နံရံတံတိုင်းတစ်ခုရဲ့ အလည်မှာ လူအသွင်သဏ္ဍာန်ဂီတသံစဉ်များ လူရဲ့ ရင်ခုန်သံပါးပါးနဲ့ နားဆင်နေရတယ် အောက်ထပ်မှာ အမဲနက်ဆုံး အရောင်လှိုင်းထုထည်နဲ့ အမှောင်နံရံတံတိုင်းတစ်ခုရဲ့ အလည်မှာ ငရဲတိရိစ္ဆာန်ဟန်ဂီတသံစဉ်များ လူရဲ့ ဘယ်ဖက် နားနဲ့ နားဆင်နေရတယ် လူသားကို လာရောက်ပတ်သက်တဲ့ ဂီတသံစဉ်ဟာ ညာဖက် နားက ဝင်ပြီး ဘယ်ဖက် နားက ထွက်သွားရင် လူသားကို လာရောက်ပတ်သက်တဲ့ ဂီတသံစဉ်ဟာ ဘယ်ဖက် နားက ဝင်ပြီး ညာဖက် နားက ထွက်သွားရင် ရင်ခုန်သံပါးပါးနဲ့ နားဆင်နေတဲ့ ဂီတသံစဉ်အရင်းဓမ္မဟာ ဒီဘဝထံတွင် ငြင်းမရစွာ ရေသောက်မြစ်တည် ကျန်တယ် အဝေဝါးဆုံးရဲ့တံလျှပ်နံရံတံတို င်းတစ်ခုရဲ့အလည်မှာ တီးလုံးတိုင်းဟာ ယောင်ချာချာ လည်စွာ အသံပြု ထွက် ထွက်ပေါက်မဲ့မှုအသိနဲ့ ဖျက်ဖောက်ထွက်မှု မရှိတဲ့ မာန်ဟာ မြေညီထပ်မှာ လူရဲ့ ရင်ခုန်သံပေါ် ပြန် ပြုတ်ကျသွားတယ် မြေညီထပ်မှာ လူရဲ့ နှလုံးခုန...

((( ဘွဲ့လက်မှတ်များ )))

((( ဘွဲ့လက်မှတ်များ ))) နောက်ကြည့်မှန်ထဲက အသုံးမဝင်၊ အရေးမပါတော့တဲ့ ငါ့ မှတ်တိုင်တို့ရေ ငါ မင်းတို့ကို လွမ်းလို့ ကြည့်နေတာ မဟုတ်ဘူးဟ ငါ လိုကောင် လူလည်ရူးကားတွေ ငါ့ကို ဝင်တိုက်မှာကို ကြည့်နေတာ အဲဒီမှာ အဲဒါကြောင့်ပဲ မင်းတို့ဟာလည်း အသုံးဝင်နေသေး၊ အရေးပါနေသေးတော့တယ်။ ။ သုအိုင်စံ ၁၈/၁၁/၂၀၁၄

((( ဒုံးပျံ )))

((( ဒုံးပျံ ))) နယူတန်ရဲ့ ပန်းသီးလို အစဉ်အမြဲ ပြုတ်ကျနေတာ အရာရာ အားလုံး ဖြစ်သည် သြကာသ လောကကြီးရဲ့ဆွဲအားပြုယန္တယားဟာ ချီရာလမ်းကြောင်း ဖြစ်သည် အပေါ့ပါးဆုံး ထိပ်ဖူးနဲ့ကိုယ်ထည်ရဲ့ အလေးချိန်ဟာ ဘဝပေး ပါရမီ ဖြစ်သည် တွန်းအားမြင့် ယမ်းမီးစွမ်းအင်၏ တွန်းကန်အားဟာ ဒုက္ခစရိယာ ဖြစ်သည် နွံထဲကလှည်းအား နွံထဲကလှည်းနှင့် မဆွဲနိုင်သည်မှာ ဓမ္မတရား ဖြစ်သည် ဝဋ်အတွင်းမှ လွတ်ကင်းရဖို့ ပစ်ခွင်းလမ်းဖောက်သွား ရဟန်းတပါး ဖြစ်သည် ဆွဲအားမဲ့သုံညလွင်ပြင်ထဲအရောက် လျှောက်သွားသည် ထို့နောက် သစ္စာငါးမျှားချိတ်မှာ မေတ္တာကို ထားချိတ်ကာ ဆွဲအားရေထဲမှ ငါးတကောင်ချင်းစီကို ကောက်တင်သည် ကမ္ဘာမြေနဲ့ သံသရာတွင် ဆက်နွယ်ပတ်သက်နေရဆဲမှာ ဒုံးကျည်ယာဉ် လမ်းရှာဖောက်သူ ဝေဟင်ခရီးသွား ကမ္ဘာမြေနဲ့ သံသရာမှ ကင်းပလွတ်မြောက်သွားရခြင်းမှာ သုံးလောကရှင် ပန်းတိုင်ရောက်သူ ရှင်တော်ဘုရား သိဒ္ဒတ္ထက လောကီအမည်၊ ဂေါတမက လောကုတ္တရာအမည်၊ လူစစ်စစ်လည်း ဖြစ်ဖူးသည် ဒုံးကျည်စစ်စစ်လည်း ဖြစ်ဖူးသည် သံသရာနယ်ဆီ တရားစီးပြန်လာလည်တော့ - မဟာနိဗာန်ရဲ့နယ်စား-တဲ့ ဗလာသိပ်ဆန်တဲ့ဘုရားပဲ။ ။ သုအိုင်စံ ၀၆-၀၆-၂၀၁၆

((( မြန်မာဘုန်းကြီးကျောင်းသားအတုများ )))

((( မြန်မာဘုန်းကြီးကျောင်းသားအတုများ ))) ကျောင်းကိုသွားပြီး ပညာသင်ဖို့ထက် ချောင်းထဲသွားပြီး ရွှေရှာချင်ကြတဲ့ ရင်တွင်းဖြစ်ဆန္ဒဟာ အပင်ရင်း အမြစ်ဖြတ်ခံရတဲ့ မျိုးဖျက်ကင်ဆာမှန်းမသိ ရွှေရရင် ငွေရမယ် ဆိုတာပဲသိတဲ့ ခလေးတွေ ရွှေကျင်ကြတယ်။ ရွာအပြင် ချောင်းဖျားက ထွက်တဲ့အရာ သယံဇာတဆိုတာ ရောင်းစားဖို့ပဲလေ လို့ အစဉ်အလာနဲ့ သဘောပေါက်ထားတော့ နဂိုပိုင်သည့် ရွှေပေါများတဲ့ အောက်ခြေနက် ရှိဆဲရွှေတွင်းထက် လူ့ လောဘဟာ တကယ် ပို တွင်းနက်မှန်း မသိရှိခဲ့ကြသလို။ စာသင်ကျောင်း သွားမတက်ကြတဲ့အခါ ဥာဏ်ဥာဏဆိုတာ ခေါင်းပါးလို့ မွဲတေလို့ ပညာမဲ့ တောပျောက်သွားတော့ ကိုယ်ပိုင်အသိတွေဘဘောတရားမဲ့ နေတဲ့ အသိမွဲနေခြင်းထက် လူ့ လောကဟာ တကယ် ပို ကျဉ်းခဲ့မှန်း သတိမရှိခဲ့ကြပေ။ လူကြီးတွေလည်း နက်နက်တူးနေတယ် ခလေးတွေလည်း ဆက်ဆက်တူးနေတယ် အရင်းအနှီး အဆုံးမရှိဘူး တွင်း အပြီး အဆုံးထိ တူးမယ် လွယ်လှတဲ့ဒီလမ်းမှာ ကြွယ်ဝမဲ့ချမ်းသာနည်းဟာ ဘွဲ့ပညာရပ် တခု မလိုတော့လည်း။ ရွှေကျင်တဲ့အခါ မြေအပေါ်ယံထက်က မြေသားဟာ မြေဖျော်ကန်စက်ထဲမှာ ရေစားသွားပြီး မြေဆီမြေနှစ်ဟာလည်း ရေနီရေညစ်ထဲ မျောပါသွားတယ် အပေါ်ကို တူးဆွလို...

((( ပဒိုင်းတော )))

((( ပဒိုင်းတော ))) သိခွင့်မရှိတဲ့အစနဲ့ ကျောင်းအပ်ရင်းတတ်ခဲ့ ဘဝဇဝေဇဝါ ရှိခွင့်မရှိတဲ့ခဏနဲ့ ပေါင်းကြသင်းကြတဲ့ အရပ်ဆွေသဟာ ညှိခွင့်မရှိတဲ့ဓမ္မနဲ့ ပေါင်းစပ်ရင်းမြတ်တဲ့ ဓမ္မဒေသနာ စားသုံးထားတဲ့ အမှားဖျော်ရည်ခွက် ဆက်ကမ်းလှမ်းလာ အများဆုံးမှားခဲ့ တရားတော်တွေရဲ့ မျက်ကန်းကျမ်းစာ အားလုံးထားခဲ့ ခင်ဗျားပျော်နေတဲ့ သက်တမ်းပရမ်းပတာ ဘလိုင်းကြီးသီးနေတဲ့ ဗဒိုင်းသီးပဲ ဗဒိုင်းသီးကိုစားတဲ့ကမ္ဘာ။ ။ သုအိုင်စံ ၂၉-၀၂-၂၀၁၆

((( အလင်းနှလုံးအိမ် )))

((( အလင်းနှလုံးအိမ် ))) ဝါယာကြိုးထဲမှာ မင်း ရန်သူကို အသဲအသန် ချေမှုန်းခဲ့ရလား မင်း ကိုယ့်လူကိုယ် ပြန် မှားသတ်ခဲ့ရလား မင်း ငြိမ်းချမ်းရေး အခါခါ ဆွေးနွေးခဲ့ရလား ဝါယာကြိုးထဲမှာ မင်းကို ကုမ္ပဏီက မတရား အလုပ် ဖြုတ်ပစ်ခဲ့လား မင်း ကိုယ်ပိုင်ငွေတွေ အဓမ္မ ရုပ်သိမ်းခံ ခဲ့ရလား မင်းလုပ်တဲ့ ၁ နာရီ ၁၀ အလုပ်ကို ၁နာရီ ၂၀နဲ့ သူဌေးကို ပေးခိုင်းခဲ့လား ဝါယာကြိုးထဲမှာ အဝေးကြီးမှာ မင်းကိုယ်မင်း လိုက်ရှာခဲ့ရလား ရောက်လေရာမှာ မင်းကိုယ်မင်း တွေ့ရှိခဲ့လား ရှိနေခဲ့တယ် ဆိုတာရော မင်းသေချာခဲ့လား ဝါယာကြိုးထဲမှာ အဖေ မရှိရင် မဖြစ်ဘူး ဆိုတာကို လက်ခံခဲ့လား အမေ မရှိရင် မဖြစ်ဘူး ဆိုတာကို လက်ခံခဲ့လား ၂ ယောက်လုံး မရှိလည်း ဖြစ်တာကို လက်ခံခဲ့လား ဝါယာကြိုးထဲမှာ မင်းဟာ တစ်ကောင်ကြွက်ပါ ဆိုတာ သေချာခဲ့လား မင်းဟာ အမှောင်နက်နက်ပါ ဆိုတာ သေချာခဲ့လား မင်းဟာ အယောင်သက်သက်ပါ ဆိုတာ သေချာခဲ့လား ဝါယာကြိုးထဲမှာ ဘာ/ဘယ်လို/ဘာကြောင့်ပဲဖြစ်ဖြစ် မင်းအတိတ်အား-- သူတို့တွေ လုံးဝ စိတ်မဝင်စားဘူး သူတို့ စိတ်ကူး၊ အတွေးအခေါ်၊ ခံစားချက်ထဲလည်း-- မင်း လုံးဝမပါဘူး ဝါယာကြိုးအပြင်ဘက်မှာ သူတို့ သိပ်ချစ်ကြရှာ...

((( အမေ့ကို ရောင်းစားပြီးသွားပြီ )))

((( အမေ့ကို ရောင်းစားပြီးသွားပြီ ))) ငါတိုရဲ့ သွေးနဲ့ နှလုံးသားတွေက ပြေးထွက် ရုန်းအားတွေနဲ့ဟေ့ ငါတို့ရဲ့ ဖြစ်တည်ခြင်းရဲ့ချည်တိုင်ဟာ ငါတို့အတွက် ဖြစ်တည်ရင်းနဲ့ခြေခိုင်ပါရဲ့လား လွင့်ချင်တိုင်းလွင့်ဦးကွာ ဖြစ်ချင်တိုင်းဖြစ်ဦးကွာ သချိုင်းကုန်းက ခွင့်လွှတ်စွာ အဝေးဆုံးကို လွင့်စင်သွားသလို အနီးဆုံးဆီ ပစ်ဝင်နားခိုဖို့ရာ သွေးတို့၏ ပင်မ ဗဟိုဌာနသို့ အရင်ကလို နဂိုမာနတို့နဲ့ ပြန်လာ ချက်ကြိုးဖြတ်တဲ့နေရပ်၌ အသက်ထိုးအပ်သေလိုက်ကြရန် ငါတို့၏ သုသာန်မှန်သမျှ မင်္ဂလာရှိနေကြဖို့ရာ ငါတို့တွေ မွေးဖွားလာကြသလို ငါတို့တွေ သေသွားကြပါမည်ဟု ဆိုကတိပြုထားတဲ့ အလံတော် သေသော်လည်းမလဲ ဆိုအံ့ငြား ဘုရားတက်ဖူးနေကြ တောင်တွေ ဘယ်ချောင် ရောက်ကုန်ကြပြီလဲဟေ့ ရေးဆင်းကူးနေကြ မြစ်တွေ ဘယ်တွေ ပျောက်ကုန်ကြပြီလဲဟေ့ သားဆိုးတို့၏ ဇာတိသွေးဇာတိမာန်ဟာ အမိမြေကို ပြန်ဝင် မြင်တာနဲ့ ခြံစည်းရိုး အပြင်မှာ လဲသေခဲ့တယ်။  ။ သုအိုင်စံ ၁၀-၀၁-၂၀၁၅

((( လမ်းသရဲပန်းချီ )))

((( လမ်းသရဲပန်းချီ ))) အထူအပါးနဲ့  ဆေးသား မညီပေမဲ့ လူသားရဲ့  သွေးများ နီနေလျှက် တရောင်ထဲမှာပဲ အဆင်းကွဲနေသည် အမှောင်ထဲမှာပဲ အလင်းကွဲနေသည် ဘာပန်းချီနည်းလဲ ရုပ်နာမ်ကို စုတ်တံနဲ့  ယူသုတ်ပြီး ခြစ်ကြည့်တာ လူရုပ်ကြီး ဖြစ်လာတာပဲ အဲဒါနဲ့  ဆက်ရေးတာ အထဲကသွေးကို အတူနီအောင် ရမ်း သုတ်တယ် အပြင်ကရုပ်ကို မတူညီအောင် မှန်း လုပ်တယ် စိတ်လှိုင်းကို ဘောင်ခတ်တယ် အရိပ်လှိုင်းကို အမှောင်ချတယ် ပြီးတော့ ဖြစ်ချင်တာဖြစ်ကြ ပစ်ချလိုက်တယ် ဘာပန်းချီဝါဒ ခေါ်မလဲဗျ မတော်တဆ အတွေးကိုပဲ ပစ္စလက္ခ ဆက်ရေးတာလေ မတော်တဆပစ္စလက္ခဝါဒပဲပေါ့ လမ်းသရဲ ပန်းချီဝါဒလို့ လည်းခေါ်ကြ ဖြစ်သမျှဘာမှလည်း တာဝန်မယူပြန် လူဖြစ်လူခံပန်းချီရေးဟန်ပေါ့ ပန်းချီဆရာအမည် ပြောပါ ဘုရားသခင်လို့  ခေါ်တာပဲ မှားရင်လည်း မှားနိုင်တယ် သုအိုင်စံ ၀၅ ၀၄ ၂၀၁ အထူအပါးနဲ့  ဆေးသား မညီပေမဲ့ လူသားရဲ့  သွေးများ နီနေလျှက် တရောင်ထဲမှာပဲ အဆင်းကွဲနေသည် အမှောင်ထဲမှာပဲ အလင်းကွဲနေသည် ဘာပန်းချီနည်းလဲ ရုပ်နာမ်ကို စုတ်တံနဲ့  ယူသုတ်ပြီး ခြစ်ကြည့်တာ လူရုပ်ကြီး ဖြစ်လာတာပဲ အဲဒါနဲ့  ...

((( လူလည် )))

((( လူလည် ))) ခြေ ၂ ခြောင်းနဲ့ ရပ်ကြည့်တယ်၊ သွားကြည့်တယ် ရတယ် ဘီး ၂ လုံးနဲ့၊ တီထွင်ကြည့်တယ် ရပ်ကြည့်တယ်၊ သွားကြည့်တယ် ရတယ် ပိုကောင်းအောင် ဘီး ၄ လုံးနဲ့၊ တီထွင်ကြည့်တယ် ရပ်ကြည့်တယ်၊ သွားကြည့်တယ် ရတယ် ပိုကောင်းအောင် ခြေ ၄ ခြောင်းနဲ့၊ မတီထွင်ကြည့်ဘူး မရပ်ကြည့်ဘူး၊ မသွားကြည့်ဘူး ငြင်းတယ် သူများကို နွားလိုခိုင်းစားပြီး ကိုယ်က နွားလို ရုန်းရမှာ သိပ် ကြောက်တဲ့ လူလည် ကမ္ဘာကို ဒိုင်ကိုင်နေတယ်။   ။ သုအိုင်စံ ၂၉-၀၃-၂၀၁၃

((( ခွေးထက်မိုက်သောအရှင်သခင်နှင့် ရေကြည်ရာမြက်နုရာယဉ်ကျေးမှု )))

((( ခွေးထက်မိုက်သောအရှင်သခင်နှင့် ရေကြည်ရာမြက်နုရာယဉ်ကျေးမှု ))) (နွား) သူစားဖို့ မြက် သူစိုက်နေတယ် သစ်ပင်နဲ့ မလှမ်းမကမ်းမှာ လူကလည်း မြက်ခင်းပေါ် သွားသွားလာလာ (သစ်ပင်) သူ့ဘာသာ အသက်မသေဖို့ သူ့ဘာသာ အရွက်ဝေလို့နေတယ် မြက်ခင်းရဲ့အလယ်ခေါင်မှာ မင်းမူလျှက် လူနဲ့လောကကိုတောင် အရိပ်တွေပေးလို့ (လူ) သစ်ပင်အောက်မှာ မှီတယ် ထိုင်တယ် အိပ်တယ် မြင်ခင်းပေါ်လမ်းလျှောက်တယ် နွားနို့ညစ်တယ် (အစာအိမ်) နွားတွေ ဆာတော့ မြက်စားတယ်-- လောက်တယ် သစ်ပင်တွေဆာတော့ မြေဆီကိုစုတ်သောက်တယ်-- လောက်တယ် လူတွေ ဆာတော့ နွားနို့ ညှစ်သောက်တယ်-- ဒါပေမဲ့ မလောက်ဘူး (ယန္တယား) သစ်ပင်ကို လှဲလိုက်တဲ့အခါ ထင်း ဖြစ်လာတယ် နွားကို သတ်လိုက်တဲ့ အခါ အမဲသား ဖြစ်လာတယ် မြက်ခင်းကို ရိပ်လိုက်တဲ့အခါ အိပ်ယာ ဖြစ်လာတယ် လူဟာ အဲဒီ ၃ မျိုး လုံးကို လုပ်ပစ်လိုက်တယ် စားပြီးသောက်ပြီးလို့ အိပ်စက် နောက်တစ်နေ့မနက် အိပ်ယာထတဲ့ အခါ နောက်တနေရာကို ထပ် ထွက်ခွာသွားတာပေါ့ လူကိုတော့ ဘယ်ကောင်မှ ကျောလို့ မရဘူး မဟုတ်လား ဟား ဟား ဟား... အဲဒီ အပေါ်က ပန်းချီကားကို ဆွဲတဲ့ လူဟာ ခွေး ဖြစ်သွားတယ်လို့ြေ...

((( အတွေးအခေါ်-၁- )))

((( အတွေးအခေါ်-၁- ))) သူငယ်ချင်း ၂ ယောက် မှောက်အောင်သောက်ပြီး အိပ်ပျော်သွားခဲ့ကြတယ်။ နိုးလာတဲ့အခါ ဦးနှောက်တခုက အရက်နာကျပြီး မူးခဲ့တဲ့ အကြောင်းတွေ ပြန်စဉ်းစားတယ်။ နိုးလာတဲ့အခါ နောက်  ဦးနှောက်တခုက နောက်တနာရီမှာ ကျောင်းအမှီသွားဖို့ စစဉ်းစားတယ်။ အဲဒီမှာ ကမ္ဘာ ၂ခု ကွဲသွားတော့တာပဲ။ ပထမ ကမ္ဘာမှာ စစ် ပဋိပက္ခနဲ့ လူအိုတွေ လျှပ်စစ်မီးမဲ့ မှောင်မိုက်ထဲ စမ်းတဝါးဝါး ရမ်းသွားလို့။ ဒုတိယ ကမ္ဘာမှာ ငြိမ်းချမ်းရေး ညီညွတ်ရေးနဲ့ ခလေးတွေ တက်နေခြည်ဝင်းထဲ လွပ်လပ် ပျော်ပါး ပြေးလွှားလို့။ ဦးနှောက်ဆိုတာ အတွေးအခေါ်နဲ့ ထွန်းရတဲ့ ဖယောင်းတိုင်ပဲ။   ။ သုအိုင်စံ ၁၄-၀၉-၂၀၁၃

((( ဘော်လုံးမကန်ကြေး )))

((( ဘော်လုံးမကန်ကြေး ))) ပြည်နယ် ၇ ခု၊ တိုင်း ၇ ခု အသင်း ၂ခု ဗိုလ်လုတဲ့ပွဲ အမြဲပုံမှန်၊ ဘော်လုံးကန်အားကစား ပြည်နယ်အသင်းက ၂ ဂိုး တိုင်းအသင်းက ဂိုး မရှိ ပြည်နယ်ကဒိုင်းရရှိ၊ မနှစ်ကကြည့်တဲ့ပွဲ ပြည်နယ်အသင်းက ၁ ဂိုး တိုင်းအသင်းက ၂ ဂိုး ရရှိ တိုင်းကဒိုင်းရရှိ၊ ဒီနှစ်ကြည့်တဲ့ပွဲ ဘယ်သူနိုင်မလဲ၊ ဘယ်သူရှုံးမလဲ နောက်နှစ်ပွဲအား၊တရားသဖြင့် ကစားဖြစ်မည်၊ မြန်မာပြည်ထဲ ဘော်လုံးကန်တဲ့ အားကစားပွဲ ပြည်နယ်နဲ့တိုင်းအသင်း-တွဲ ဝိုင်းခြင်းပွဲနိုင်ငံရေးမှာ ရှုံးလို့မရစွာ၊ နိုင်လို့မရပါ အပြိုင်အဆိုင်ခတ်-သပ်သပ်ရပ်ရပ် ပရိသတ်အမြင်မှာ လှပ နေရန် နိုင်ငံရေးသမားတို့၊ နိုင်ငံရေးကစားဖို့ ကြိမ်ခြင်းအလံတော်ကြယ်ဟာ၊ အိမ်ကွင်းယံအပေါ်အလယ်မှာ၊ တည်ပြီး မြောက်ပြီး လွင့်ပြီး မြင့်ပြီး တဦးတည်း အလှမပြဖို့ ပူးတွဲခတ်စို့ ပွဲဆက်ပြိုင်နွှဲဖို့ တွဲလက်ခိုင်မြဲစို့ ဘော်လုံးမကန်ဖို့တော့ လိုမယ် အာဏာရဲ့အလုပ်နဲ့ နိုင်ငံရေးလုပ်ရပ်ဟာ မာယာနဲ့ဖြုတ်တဲ့ အနိုင်ကန်ရေး အပြုတ်ချတာ မဟုတ်ပါ မယုတ်မာကြေးခတ်မယ် ဒီဝိုင်းညီညာရေး အလုပ်မှာပေးဆပ်မယ် ဒီတိုင်းပြည်သာရေး ခြင်းဝိုင်းထဲဘော်လုံးမက...

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( ကိုယ်ပိုင်အကြွေး ))) ရန်သူအတွက် လူသတ်ဗုံး နဲ့ မိတ်ဆွေအတွက် ပေါင်မုန့်တုံး၊ ဒီ လမ်းစဉ် ၂ ခုစလုံးကို ငါက တီထွင်ပြီး ချသုံးတယ် စီမံချက် ၂ရပ် စလုံးကိုတော့ ငါ့ ရေတပ်နဲ့ ကြည်းတပ်တို့က ထောက်ပို့ကြတာပေါ့ ငါ ကြဲချလိုက်တဲ့ လူသတ်ဗုံးက မိတ်ဆွေရဲ့ အိမ်ခေါင်မိုးပေါ်ကျပြီး ငါ ကြဲချလိုက်တဲ့ ပေါင်မုန့်တုံးက ရန်သူရဲ့ ပါးစပ်ပေါက်ထဲ ကျသွားတယ် ဘာကမှားပြီး ဘယ်လိုရှင်းရမလဲ ဆိုတာ ငါ သိပ် သိတာပေါ့ ငါ့ အမှားကို ပြင်ဆင်ခွင့်ပေးပါ ကမ္ဘာကြီးကို ငါ သိပ်ချစ်လို့ပါကွာ ကမ္ဘာကြီးက ငါ့ကို နေဖို့နိုင်ငံ ပေးထားတယ်လေ ငါ့ အမှားကို မေ့လျှော့ခွင့်ပေးပါ စစ်ပွဲကြီးကို ငါ သိပ်ချစ်လို့ပါကွာ စစ်ပွဲကြီးက ငါ့ကို ရှင်ဖို့ပိုက်ဆံ ပေးထားတယ်လေ ရန်သူက မိတ်ဆွေ ဖြစ်လာပြီး မိတ်ဆွေက ရန်သူ ဖြစ်လာတဲ့အခါ ဘယ်လိုပြင်ရမလဲ ငါသိတာပေါ့ ဒါပေမဲ့ ဒီကနေ့ခေတ်ဟာ လူတွေက ဗုံးတွေ ဖြစ်လာပြီး ဗုံးတွေက လူတွေ ဖြစ် မလာတဲ့ ခေတ်ပါ အဲဒါကို ဘယ်လို အသစ်ပြင်ဆင်ကြမလဲ ငါ့ ဦးနှောက်က အဆုံးမမြင်အောင်ပဲ နည်း နည်းလှတယ် ငါ့ ဥာဏ်ပညာက အသုံးမဝင်အောင်ပဲ မွဲ မွဲလှတယ် ငါရယ်၊ ငါ့ မိတ်ဆွေတွေနဲ့ ငါ့ ရန်...

((( ပြည်တွင်းသုံး ကားနှစ်စီး )))

((( ပြည်တွင်းသုံး ကားနှစ်စီး ))) တရုတ်ပြည်ကြီးကို သစ်လုံးတွေ တင်ပို့နေတဲ့ ကားတွေက ဘယ်တော့မှ စက်ဆီ မပြတ်ဘူး၊ စက်မပျက်ဘူး။ လက်ပဒေါင်းတောင်ကို မိုင်းခွဲမြေဖြို သယ်နေတဲ့ ဘော်ဒိုဇာတွေက ဘယ်တော့မှ စက်ဆီ မပြတ်ဘူး၊ စက်မပျက်ဘူး။ ရန်ကုန်မြို့ထဲမှာ မြို့တွင်းပြေးနေတဲ့ ဘတ်စ်ကားတွေက မကြာခဏ စက်ဆီ ပြတ်နေတယ်၊ စက်ပျက်နေတယ်။ ရန်ကုန်မြို့ထဲမှာ အမှိုက်သိမ်းနေတဲ့ မြူ နီစပယ်ကားတွေက မကြာခဏ စက်ဆီ ပြတ်နေတယ်၊ စက်ပျက်နေတယ်။ ပြေးလွှားနေတဲ့ ကား ၂စီး ရဲ့ အလင်းဘက် ကားထဲမှာ ခရိုနီများ ပုလင်းထောင်ကာ သောက်နေပြီး ပြေးလွှားနေတဲ့ ကား ၂စီး ရဲ့ အမှောင်ဘက် ကားထဲမှာ ပြည်သူများရဲ့ အနာဂတ်ဟာ ပျောက်နေတယ် အတားအဆီးမဲ့ လမ်းစဉ်နဲ့၊ ကား ၂စီးရဲ့စွမ်းအင်နဲ့ တိုင်းပြည်ကို ချောက်နက်ထဲ မောင်းပို့နေတဲ့ လမ်းခရီးမှာ လူမွဲပေါင်း သန်း၆၀ဟာ ပိတ်လှောင်ကာ စီးနင်းလိုက်ပါနေရ ဂျူးပြည်သူတွေ အော့ဇဝဇ်အကျဉ်းခန်းဆီ သွားနေကြသလိုမျိုး အကျိုး ပျက်ပျက်။ ။ သုအိုင်စံ ၀၃-၀၇-၂၀၁၄

((( ရန်သူ အစစ်ကို ရှာသတ်ပါ )))

(((ရန်သူ အစစ်ကို ရှာသတ်ပါ))) လဒ ၄ ကောင် ဗိုက်ဆာနေတယ် ဘုရားငုတ်တိုထိပ်မှာ တစ်ကောင် ဗလီခေါင်မိုးချွန်ထိပ်မှာ တစ်ကောင် လက်ဝါးကပ်တိုင်ထိပ်မှာ တစ်ကောင် ဆာဒူးညောင်ပင်ထိပ်မှာ တစ်ကောင် ။ ဘုန်းကြီးကျောင်းက ထွက်လာသူတွေက "ဗုဓ္ဓ ဗုဓ္ဓ" လို့ အော်ကြတယ်။ ဗလီထဲက ထွက်လာသူတွေက "အဂ္ဂ်လာ အဂ္ဂ်လာ" လို့အော်ကြတယ်။ ချပ်ခ်ျကျောင်းထဲက ထွက်လာသူတွေက "ဂျေးဆက် ဂျေးဆက်" လို့အော်ကြတယ်။ ဆာဒူးညောင်ပင်အောက်က ထွက်လာသူတွေက "ဆိတ်သားရေဗုံတွေကို တီးပြီး" ရွတ်ကြတယ်။ တစ်ယောက် အော်သံဟာ တစ်ယောက် နားထဲ သံရည်ပူတွေပဲ ကြည့်နေတဲ့ လဒ ၄ ကောင် သွားရေ တရွှဲုရွှဲ ဒီတိုင်းပြည် သေးသေးလေးထဲမှာ သူ့အသံ ငါနားခါး ငါ့အသံ သူနားခါး ဘုရားတွေကို အလံထူ ခေါင်းစဉ်လုပ် ခုတ်သတ်ကြပြီ။ ရန်သူ ၁ ယောက်ဟာ ရန်သူ ၃ ယောက် ရှိနေတဲ့ ပဋိပက္ခ စစ်ရဲ့ညီမျှခြင်းအရ သေချာစွာ အားလုံးကျဆုံးရတယ်။ လူမရှိတော့တဲ့ တိုင်းပြည်မှာ လဒလည်း ကြာကြာမနေပါဘူး နောက် တနိုင်ငံကို ကူးတယ်။ နောက်ထပ် တနိုင်ငံကို ကူးတယ်။ နောက် နောက်ထပ် တနိုင်ငံကို ကူးတယ်။ လူမရှိတော့တဲ့ ဒီကမ္ဘာမှာ ရ...

((( တိမ်ကွဲတေး )))

(((တိမ်ကွဲတေး))) တိမ် တစ်စိုင်စီ ပေါ်မှာ ငါတို့ လူ လာဖြစ်တယ် ခင်။ လှမ်း မြင်နေရခြင်းလေးနဲ့ ပဲ ရင်ထဲ ချစ်ခြင်း အမြစ်တွယ်ကပ် သံလမ်း ၂ ချောင်းလို ဘဝအပေါ် ဝဋ်ရထား ဖြတ်ကျော်သွားသလား။ ဆုတောင်းမယ် စမ်းချောင်းထဲမှာ တွေ့မယ်လို့ မြစ်ကျဉ်း ထဲမှာ တွေ့မယ်လို့ ပင်လယ်ထဲမှာ တွေ့မယ်လို့ ဆုတောင်းတယ် ငါကြွေကျရာက ကန္တာရ မင်းကြွေကျရာက သမုဒ္ဒရာ ဆုတောင်းဟာ ပို ကြေကွဲရာပဲ။ နောက်တခါ မင်း တိမ် ပြန်ဖြစ်တဲ့ အခါ ငါ့ကို မရှာပါနဲ့ ငါ့ ကိုယ် ငါတောင် ဘယ်ချောင်ရောက်မှန်း မသိ ရှိစေတော့ ခင်။ ။ သုအိုင်စံ ၁၅-၀၃-၂၀၁၄

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် ))) သူမသည်...။ ရင်ကိုခွဲ အသဲကို ဖြတ်ဆင်းစေခဲ့ ဟောဒီ မြစ်နှစ်သွယ် ပေါင်းစပ်ခြင်းရဲ့ အနာဂတ် ဧရာဝတီကို နို့တိုက်ခဲ့ရ။ အကြောပြိုင်းပြိုင်း ရိုးမတံတိုင်းတွေနဲ့ ခြံရံ အလျားရှည်ရှည် တောင်တန်းတွေနဲ့ ကာရံ မြစ်တွေကို ပြေးအားသန်စေခဲ့ မြစ်တွေကို ပြေးလမ်းမှန်စေခဲ့။ စီးဆင်းခဲ့ကြ မြစ်တွေ ရဲရဲကြီး စီးဆင်းခဲ့ကြ။ ဘယ်ရင်အုံကို ခပ်ပြင်းပြင်း ဖောက်ဆင်း ချင်းတွင်းလို အရာတွေ လာခဲ့ ဒဏ်ရာတွေကို သယ်လာခဲ့ ဧရာဝတီထဲ ပစ်ထဲ့။ စစ်တောင်းတွေအကြောင်း ကောင်းကောင်းကြီး သိရဲ့ ကြားဘူတာကနေ ဖြတ်တက် အရှိန်သွက်သွက်နဲ့ ပန်းဝင်ခဲ့ ဒါပေမဲ့ စစ်တောင်းဟာ ကိုယ်ပိုင်သံစဉ်ဖြစ်တယ်။ အစဉ်အလာကြီးမားတဲ့ သံလွင် ညာလက်ဖျံပေါ်မှာ ကြီးပြင်း များစွာသော ယုံကြည်ခြင်းတွေကို မျိုမျိုချ ပင်ပန်းလှပေါ့ သင့်ကျောပေါ်က ဇက်ကြောတက်နေတဲ့ ပဋိပက္ခတွေနဲ့ နာတာရှည် ပိန်ချုံးနေတဲ့ ယမ်းငွေ့တွေကို ခါချခဲ့ ငြိမ်းချမ်းတည်ငြိမ်တဲ့ ရေကမ္ဘာသစ်ဆီ ခရီးဆက်မယ်။ ထိုအရပ်၌ မေခများ မလိခများ မြစ်င၀န်များ တနင်္သာရီများ စစ်တောင်းများ ချင်းတွင်းများ ဧရာဝတီများ ............များ စကားတိုးဆိတ် တိတ်တိတ် အိပ်စက်ကွယ်။ ဟောဒီမှာ ကိုယ်စီကိ...

(((သူ့သက်တမ်းက ၂၅၊ သူ့ရဲ့လမ်းက ဆက်သွားနေတယ်)))

(((သူ့သက်တမ်းက ၂၅၊ သူ့ရဲ့လမ်းက ဆက်သွားနေတယ်))) ပုံမှန်ရဲ့ အသက် အားဖြင့်တော့ ပုန်ကန်တဲ့ နှစ်ဆယ့် ငါး နှစ်ပေါ့လေ..... ပုန်ကန်မှု တန်ဖိုးအားဖြင့်တော့ အကုန်ပြန်စု ပြန်ကြိုးစားသင့်မလား လို့ ခင်ဗျားတို့...ကျုပ်တို့...သူ တို့...အားလုံးသို့....။ ------------------------------ -------------- သူ့သမိုင်းစဉ် တော်လဲကကွက်နဲ့ သူ့အတိုင်းပင် ချော်လဲကျခဲ့တဲ့နိုင်ငံ။ တစ်ယောက်နဲ့တစ်ယောက် မခေါ်ပဲထထွက်ခဲ့ တစ်ယောက်နဲ့တစ်ယောက် အဖော်တွဲထချခဲ့တဲ့နိုင်ငံ။ အတူတွဲဖက်နေရမဲ့ နိုင်ငံပိုင် တစ်ခုထဲ အတွင်းက မတူခွဲထွက်လေကြတဲ့ နိုင်ငံပြိုင်လုပွဲ ကျင်းပတဲ့နိုင်ငံ။ သခင်၊မဟာ ရန်/ငါ များနဲ့ အတိအကျ စိုးမိုးပိုင်စံလာ အစဉ်အလာ မြန်မာများရဲ့ အမိအဖ မျိုးရိုးနိုင်ငံမှာ။ ကြီးပွားရေးအတွက် အားကိုးရတဲ့ အလုပ်သမားတွေ စီးပွားရေးပျက် ခါးကျိုးကျလျှက် အလုပ်ရှားလေသောအခါ။ အလုပ်အကြမ်းဆုံး လယ်သမားတွေ လယ်ပိုင်တွေ လုပ်ငန်းသုံး ထယ်သွားတွေ မဝယ်နိုင်လေသောအခါ။ အာဏာရ လာဘ်စား အစိုးရ အုပ်ချုပ်ရေးဘက်အရာရှိများ မကြာခဏနား အစိုးမရ အလုပ်ပြုတ်ရေးလက္ခဏာ ရှိသောအခါ။ လူ့ပြဿနာ တရားရေးဌာနဆိုင်ရာများဟာ ဥပသကာ အများကျွေးလာသမျှ ထိုင်ကာစားလာသောအခါ။ ငမွဲဇတ်များရိ...

(((မိုင်းကွင်းထဲမှာ)))

(((မိုင်းကွင်းထဲမှာ))) သတ်ကွင်းထဲက မြှုပ်မိုင်းကို ခေါင်းဆောင်က (ဝုန်းကနဲ) တက်နင်းပြီး သေလိုက်တော့တယ် (ဘာပြောကောင်းမလဲ) နောက်လိုက်တွေလည်း (တဝုန်းဝုန်းနဲ့) တစ်လုံးပြီးတစ်လုံး တက်နင်းခွဲပြီး သေကြတော့တယ် ရန်သူဟာ မြှုပ်မိုင်းတွေ အားလုံးကွဲကုန်ပြီး သူ့ ရန်သူတွေ အားလုံး ကျ ကုန်တော့မှ လေချွန်ပြီး သေနတ်တွေကို ကောက်ယူတော့တယ် .............................. ................ ကမ္ဘာကြီးက ခင်ဗျားတို့ ခေါင်းဆောင် ဘယ်သူလဲလို့ မေးရင် အောင်ဆန်းစုကြည် လို့ ဖြေခဲ့ကြတယ် မဟုတ်လား မိုင်းကွင်းထဲက ပြာကျသွားတဲ့ ဝိညာဉ်တွေဟာ လူထုကြီးက သိပ်မျှော်လင့်ခဲ့ဖူးတဲ့ သူရဲကောင်းတွေပေါ့ ကဲ...အခုတော့၊ အမျှဝေ ရမလား၊ ကာလနာ တိုက်ရမလား လွှတ်တော်ထဲမှာ အရိုး သွားကောက်ကြစို့။   ။ ၂၂-၁၂-၂၀၁၃

(((အသုံးမကျမှုများ (၁)))) ၂ ၃

(((အသုံးမကျမှုများ (၁)))) (၁) ဆိုသော ကိန်းဂဏန်း၏ သိဒ္ဓိ၊တန်ဖိုး၊သိက္ခာတော်က သိပ် ကြီးမြတ် ကိန်းစိုး လှပေမဲ့ (၁ ကျပ်) ဆိုသော ပမာဏ၏ အရာရောက် အရေးပါမှုကား သန်း ၆၀ စိတ်မဝင်စားတော့။ ။ ၂၀၁၄ (((အသုံးမကျမှုများ (၂)))) ခဲတံတွေလည်း ကုန်ခဲ့ ခဲဖျက်တွေလည်း ကုန်ခဲ့ စာရွက်တွေလည်း ကုန်ခဲ့ နာရီတွေလည်း ကုန်ခဲ့ ဖတ်မရတဲ့ တိုင်းပြည်ပျက်။ ။ ၂၀၁၃ (((အသုံးမကျမှုများ (၃)))) ကြံနိုင်တဲ့ အား မရှိတော့ မဏ္ဍိုင်ရဲ့ ခါး ထိတာပေါ့ လူထုရဲ့အစာအိမ် အူလိမ်နေပြီ။ ။ ၂၀၁၄

ထာဝရအမှန်ဆုံး၊ ဝါကျသုံးခု

ထာဝရအမှန်ဆုံး၊ ဝါကျသုံးခု   (၁)=(လူဟာနှစ်ခြင်းခံတယ်) (၂)=(မြစ်ဟာ ပင်လယ်ထဲ စီးဝင်တယ်) (၃)=(ဖန်ဆင်းရှင် ခရစ္စတော်ဟာ ဥာဏ်အလင်းတွင် ဖြစ်ပေါ်လာတယ်) အထက်ပါ ဝါကျ (၃)ခုနှင့် အောက်ပါ ကဗျာကို ပေါင်းလိုက်သောအခါ ကောင်းကင်ဘုံဟာ အပုတ်အဆွေးအရာရာကို လက်ခံရှာတဲ့ ဗလာသချိုင်းကုန်းပဲ။ xxxxxxxxxxxxxxxxxxxxxxxxxxxxxx xxxxxxxxxxxxxxxxxxxxxxxxxxxxxx xxxxxxxxxx စီးဆင်းစုန်ဝင်သွားတဲ့ရေတွေ မြစ်ထံ အကုန် ပြန်လာခဲ့လို့လား နည်းနည်းပါးပါး ပြန်ခဲ့တယ်ပဲ ဆိုပါစို့ သူတို့အရင်လို ရေချို ကြသေးရဲ့လား ခင်ဗျားကို ကျနော် ပြောခဲ့သားပဲ အာဏာမယူခင် အာဏာကို ဘယ်လိုသုံးမလဲ စဉ်းစားဖို့ ဒီအလံမချခင်မှာ ဘယ်အလံကို ပြန်တင်မလဲ စဉ်းစားဖို့ သစ်ပင်မလှဲခင်မှာ သစ်ပင်ဘယ်လိုစိုက်မလဲ စဉ်းစားဖို့ ခင်ဗျားကို ကျနော် ပြောခဲ့သားပဲ အခုတော့ ရပ်ထားလို့ မရတဲ့ ဓမ္မသံစဉ်ထဲမှာ ခင်ဗျား ရင်စိုက်ယုံကြည်မှု အတုန်အရှိုက်ဟာ သံစဉ်ဖြစ်လိုက် စာသားဖြစ်လိုက် တီးလုံးဖြစ်လိုက် လူ့စရိုက်ဓလေ့ လူ့ယဉ်ကျေးမှုတွေ တိမ်ကောသွား ဒီရေရောက်တောမှာ အခုခင်ဗျား ဘာအပင်ဆိုတာ ဘယ်လိုရှာမလဲ ဒီရေလည်းဖုံး ကုန်းရေလည်းဖိ မူလအသိတရား ဓမ္မစွန်းသွားသော အတွေးအမြင် ရှင်/...

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

(((ဖဲဝိုင်းသိမ်းချိန်))) ဖာသည်တွေလည်း မူးရူးပြဲရွဲ ပက်လက်လန် လှဲ ဆေးခြောက်တွေကုန် အမှုန်စသာကျန် ခွက်ထဲ၊ ဘီယာတွေကုန် ပုလင်းတွေက ဟိုမှာလဲ ဒီမှာလဲ ဆေးလိပ်တွေကုန် ဗူးခွံတွေဟာ ဟို ဒီ ပြန့်ကာကြဲ ငွေအားလုံးကုန် စိတ်အတွေးနဲ့ ဟိုက ဆွဲ၊ ဒီက ဆွဲ ဖဲရွက်တွေဟာ အလယ်ဗဟိုမှာ ဖရိုဖရဲ ပြန့်ကာကြဲ ဖဲသမားဟာ လူ့ဘဝထဲက ထွက်လာခဲ့ လက်ဗလာပဲ တိတ်တဆိတ် ဦးတည်နေ တိတ်ဆိတ် သုသာန်ဆီပဲ။ ။ သုအိုင်စံ ၁၁-၀၃-၂၀၁၄ (((ကဗျာ(၂)))) အမေ့လက်ကောက်၊ အမေ့နားကပ်၊ အမေ့ဆွဲကြိုး၊ အမေ့လက်စွပ်၊ အမေ့စုဘူး၊ အမေ့လစာ၊ မေ့မရ ဒီဘဝတာ မိန်းမလက်ကောက်၊ မိန်းမနားကပ်၊ မိန်းမဆွဲကြိုး၊ မိန်းမလက်စွပ်၊ မိန်းမစုဘူး၊ မိန်းမလစာ၊ မေ့မရ ဒီဘဝတာ ဂီတမှာ အရှုံးကြီး ရှုံးနစ်ရင်းလေ သူ ပြုံးဆဲ ကဗျာဟာ စီးရီးသစ် သွင်းယူနေတုန်းပဲ လူကြိုက်နည်းတဲ့ သံစဉ်တွေ ယောက်ျားရေ... ဘယ်တော့မှ ပေါက်မှာလဲ ထုတ်ခဲ့တဲ့ ဒီ သီချင်းတွေက မိန်းမရေ.... ဒါ-- ဘယ်တော့မှ ပေါက်မှာ မဟုတ်တဲ့ ထီလက်မှတ်တွေ ငါ့ အမေလည်း မင်းလို မေးဖူးတာပဲ မေးခွန်းရှေ့ (မ) တစ်လုံးထည့် ဖြေတာပဲ ကဗျာတတ်တယ်။ ။ သုအိုင်စံ ၁၂-၀၃-၂၀၁၄ (((ကဗျာ(၁)))) ငါက ပလက်ဖောင်း တစ်ဖက...