((( တန်ဖိုး )))
((( တန်ဖိုး ))) ရေအောက်မှာ ကြာကြာ အသက်မရှူ နိုင်တာ လူဟာ ကံကောင်းတယ် ငါးတွေလို သတ်စား မခံရတော့ဘူးပေါ့ လေစီကြောင်းထဲမှာ လက်မောင်းနဲ့ မပျံခတ်နိုင်တာ လူဟာ ကံကောင်းတယ် ငှက်တွေလို ပစ်ချစား မခံရတော့ဘူးပေါ့ ပုရွက်ဆိတ်တွေလောက် မငယ်တာ လူဟာ ကံကောင်းတယ် ရေပူနဲ့ အလွယ် လောင်းသတ် မခံရတော့ဘူးပေါ့ ဆင်တွေလောက် မကြီးတာ လူဟာ ကံကောင်းတယ် ထမင်း ဟင်း စားရိတ် သိပ် မကုန်တော့ဘူးပေါ့ လူဟာ လူ့အရည်အချင်းလောက် တော်တာ ကံဆိုးတယ် တစ်ချက် ရိုက်ရင် တစ်ယောက် သေနိုင်တယ် တစ်ကွက် ကောက်ကျစ်ရင် တစ်ဘဝ ပျက်နိုင်တယ် ပိုဆိုးတာက သမ္မတက သူတောင်းစားကို တစ်ချက် ရိုက်ရင် ဖြစ်နိုင်ပြီး သမ္မတကို သူတောင်းစားက တစ်ကွက် ကောက်ကျစ်ရင် မဖြစ်နိုင်တာ သမ္မတက တစ်ယောက်၊ သူတောင်းစားက တစ်ထောင် ဖြစ်နေလို့လား သူတောင်းစားလည်း တစ်မဲ ထည့်ရ၊ သမ္မတလည်း တစ်မဲ ထည့်ရရင် သူတောင်းစားဟာ သမ္မတ ဖြစ်လာနိုင်ပြီပဲ (ဒီစဉ်းစားချက် လွဲတာများသည်) အများညီ ဒီမိုကရေစီတိုင်းလည်း စောက်ချင် မဟုတ်ပါလေ ကံဆိုးပေမဲ့ တန်ဘိုးတွေမမဲ့တဲ့ စိတ်ရင်းမှန်တွေ...